Saturday, July 3, 2010

တဂိုးအတွေး တဂိုးအရေး

(5) သူမ၏ ခေါင်းကို ယမ်းခါလျက်
ရယ်သွမ်းသွေးလျက်
စိမ်းကား ထွက်ပြေး သွားသော
မြက်ပင်ကလေးတစ်ပင်၏ မေတ္တာအတွက်
မဟာ သဲကန္တာရကြီးသည်
ပူဆွေးတောက်လောင် နေဘိသည်။

(54)ငွေစင်ယော်နှင့် လှိုင်းခေါင်းဖြူ တို့၏
ဆုံဆည်းခြင်းမျိုးဖြင့် ကျွန်ုပ်တို့ ဆုံဆည်းမိကြသည်။

ငွေစင်ယော်တို့
ပျံပြေးသွားကြ
လှိုင်းခေါင်းဖြူ တို့ ဆုတ်ခွာသွားကြသလိုပင်
ကျွန်ုပ်တို့
ခွဲခွာ ကြရပြန်သည်။

တဂိုးအတွေး တဂိုးအရေး စာအုပ်ထဲမှ နှစ်သက်တာလေးတွေကို ချပြမိတာပါ


0 comments: