Wednesday, July 7, 2010

တောင်အာဖရိကရှိ ဖီဖာ ယာယီ ရုံးချုပ်မှ ကမ္ဘာ့ဖလား ဆုဖလားများ ဖောက်ထွင်းခိုးယူ ခံရ


ယင်းသတင်းနှင့် ပတ်သက်၍ အထူး တာဝန်ပေးခြင်း ခံထားရသူ တောင်အာဖရိက အမျိုးသား ရဲအရာရှိ ဘီကီစီလီက “အဲဒါတွေ အခိုးခံရတယ် ဆိုတာ ကျွန်တော်တို့ သိပြီးပါပြီ။ လောလောဆယ်မှာ စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ် နေပါတယ်” ဟု La Repubblica သတင်းစာသို့ ပြောကြားခဲ့သည်။ အဆိုပါ ဆုရုပ်တု များသည် လာမည့် ဇူလိုင် ၁၁ရက်နေ့တွင် ဂျိုဟန်စ်ဘတ်မြို့၊ ဆော်ကာစီးတီး ဘောလုံး ကွင်းကြီး၏ စတိတ်စင်မြင့် အလယ်တွင် ထားရှိမည့် ပုံစံတူ ဆုပွားများ ဖြစ်ကြသည်။ သူခိုးများသည် အဆိုပါ ဆုရုပ်တုများ အပြင် အခြား အားကစား ပစ္စည်း အချို့လည်း ခိုးယူသွားကြောင်း သိရသည်။

ထို့ပြင် ရဲတပ်ဖွဲ့သည် ကမ္ဘာ့ဖလား ပြိုင်ပွဲ စတင် ကတည်းက ကမ္ဘာ့ဖလား ပြိုင်ပွဲနှင့် ပတ်သက် ဆက်စပ်နေသော မှုခင်းများ အတွက် လူပုဂ္ဂိုလ် စုစုပေါင်း ၃၁၆ ယောက်ကို ဖမ်းဆီး ထားကြောင်းလည်း အတည်ပြု ပြောကြားသွား ခဲ့သည်။ ၎င်းတို့အနက် ၂၀၇ဦးမှာ ဒေသခံ တောင်အာဖရိက လူမျိုးများ ဖြစ်ကြကြောင်းလည်း သိရသည်။

http://www.soccermyanmar.com မှ ပြန်လည်မျှဝေသည်။

0 comments: