Saturday, July 3, 2010

ပုဂ္ဂလိကစက်သုံးဆီဆိုင်များ စရောင်းပြီ

ိုင်ငံတော်ပိုင် စက်သုံးဆီအရောင်းဆိုင်များကို လေလံဆွဲလွှဲပြောင်းလုပ်ကိုင်သည့် ရန်ကုန်တိုင်းအတွင်းရှိ ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်များ ယနေ့မှစ၍ စတင်ရောင်းချနေပြီဟု စက်သုံးဆီ အရောင်းဆိုင်များမှ သိရသည်။ စက်သုံးဆီ ဒီဇယ်နှင့် ဓာတ်ဆီဈေးနှုန်းများကို ယခင်ဈေးနှုန်းအတိုင်းသာ ရောင်းချပေးနေခြင်းဖြစ်သည်ဟု သိရသည်။ စက်သုံးဆီ ဓာတ်ဆီတစ်ဂါလန်လျှင် ၂၅၀၀ ကျပ်၊ ဒီဇယ်တစ်ဂါလန်လျှင် ၃၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးနေခြင်းဖြစ်သည်ဟု သိရသည်။



ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်များဖြစ်သွားခြင်းကြောင့် ကမ္ဘာ့ရေနံစိမ်းဈေးအပြောင်းအလဲပေါ်မူတည်၍ ပြည်တွင်းရှိ အရောင်းဈေးနှုန်းများ ပြောင်းလဲခြင်းရှိမည်ကို ၀ယ်ယူသူများက စိုးရိမ်နေကြသည်ဟု စက်သုံးဆီဝယ်ယူသုံးစွဲသူများထံမှ သိရသည်။ “ဆိုင်တွေက ၀န်ဆောင်မှုဆိုပြီး ကောင်မလေးတွေရော၊ ကောင်လေးတွေရော အများကြီးပဲ ခန့်ထားကြတာ၊ ကျွန်တော်တို့ကတော့မြင်နေကျမဟုတ်တော့ မျက်လုံးထဲမှာ လူတွေအများကြီးရှုပ်နေသလို ထင်ရတယ်။ အဓိက ကတော့ ဈေးနှုန်းပါပဲ။ ဈေးနှုန်းအ ပြောင်းအလဲရှိမှာကိုပဲ စိတ်ပူရတာ” ဟု ယာဉ်ပိုင်ရှင်တစ်ဦးကပြောသည်။ “ပုဂ္ဂလိကဆိုင်တွေဖြစ်သွားတဲ့အတွက် ဆိုင်ကတော့ ကိုယ်ကြိုက်တဲ့နေရာမှာထည့်လို့ရသွားတယ်။ နီးတဲ့ဆိုင်၊ ကိုယ်နဲ့ အဆင် ပြေတဲ့ဆိုင် နောက်ပြီး အချိန်အတွယ်မှန်တဲ့ဆိုင်မှာပဲ ထည့်ဖြစ်မယ်ထင်တယ်” အငှားယာဉ်မောင်းတစ်ဦးက ပြောကြားသည်။ လုပ်ငန်းလည်ပတ်မှု အဆင်ပြေစေရန်အတွက် ယခင်ဝန်ထမ်းများထဲမှ တချို့က ပုဂ္ဂလိကဆိုင်များတွင် အချိန်အကန့်အသတ်ဖြင့် ဆက်လက်ကူညီပေးသွားမည်ဖြစ်ကြောင်း စက်သုံးဆီအရောင်းဆိုင်ဝန်ထမ်းများထံမှ သိရသည်။

0 comments: