
အသက်အငယ်ဆုံး လင်မယား
အသက်(၉)နှစ်သာရှိသေးတဲ့ Jaylaဟာ သွေးကင်ဆာ ခံစားနေရသူပါ။ လပိုင်းပဲ သူ့မှာအသက်ရှင်ခွင့် ရှိပါတော့တယ်။ Jayla ရဲ့မျှော်လင့်ချက်က
သတိုးသမီးလုပ်ချင်တာဖြစ်တယ်။ အသက်(၇)နှစ်အရွယ် Jose က Jaylaရဲ့
Dallasဆေးရုံမှာရှိတဲ့အကောင်းဆုံးသူငယ်ချင်းဖြစ်တယ်။ Jaylaရဲ့ နောက်ဆုံးမျှော်လင့်ချက်အတိုင်း ၂ဝဝ၉ခုနှစ် ဖေဖော်ဝါရီလမှာ Joseနဲ့
လက်ထပ်ပွဲကျင်းပပေးခဲ့ပါတယ်။ လက်ထပ်ပြီး သိပ်မကြာခင်
၂ဝဝ၉ခုနှစ် ဧပြီလ (၁)ရက်နေ့မှာ
သွေးကင်ဆာရောဂါနဲ့ လောကကြီးထဲကနေ Jayla ထွက်ခွါသွားခဲ့ပါတယ်။

အသက် (၁၁၂)နှစ်ရှိတဲ့ ဆိုမားရီးယား အဘိုးအိုတစ်ဦးရဲ့ (၆)ကြိမ်မြောက်လက်ထပ်ပွဲကို Guriceel မှာ ကျင်းပခဲ့တယ်။ သတိုးသမီးကတော့ အသက်(၁၇)နှစ်အရွယ်ရှိ Safia ပဲဖြစ်ပါတယ်။ သူတို့က တစ်ရွာတည်းသားတွေဖြစ်ပြီး Safia
ကြီးပြင်းလာဖို့ သူစောင့်နေခဲ့ပါတယ်လို့ အသက်(၁၁၂)နှစ်ရှိ သတိုးသားက
ပြောခဲ့ပါတယ်။ သတိုးသားဟာ
Safiaထက် အသက်(၉၅)နှစ်ကြီးခဲ့ပါတယ်။

ထီ(၂)ခါပေါက်တာမဆန်းပေမယ့် Angelo တို့လင်မယားက ဂဏန်းတူနဲ့ ထီ(၂)ခါပေါက်ခဲ့ပါတယ်။ (၁၉၉၆)ခုနှစ် ဒီဇင်ဘာလမှာ ပထမအကြိမ်
Lotto (၁ဝ)သန်းပေါက်ခဲ့ပြီးဖြစ်တယ်။ နံပါတ်(၅၉)လုံးမှာ (၆)လုံးတိုက်သူရဲ့
ရာခိုင်နှုန်းက ၁း၂၂၅၂၈ ရှိခဲ့ပါတယ်။ ထီပေါက်နှုန်းက ၁း ၄၆.ဝ၂
ဖြစ်တဲ့အတွက်ကြောင့် ကံကောင်းတဲ့ လင်မယားဖြစ်ခဲ့ပါတယ်။

Douglas ကို (၁၉၆၉)ခုနှစ် စက်တင်ဘာ ၂၁ ရက်နေ့မှာ မွေးဖွားခဲ့ပြီး Claudia Yaကို (၁၉၇၂)ခုနှစ် စက်တင်ဘာ(၆)ရက်နေ့ ဘရာဇီးနိုင်ငံမှာ
မွေးဖွားခဲ့ကြတယ်။ အရပ် (၉ဝ)
စင်တာမီတာ (၃၅လက္မ) နဲ့ (၉၃) စင်တီမီတာ(၃၆လက္မ) ကိုယ်စီရှိတဲ့ သူတို့ဟာ
(၁၉၈ဝ)ခုနှစ် အောက်တိုဘာလ
(၂၇)ရက်နေ့ ဘရာဇီးနိုင်ငံ Curitibaမှာ မင်္ဂလာဆောင်ခဲ့ကြတယ်။ သူတို့နှစ်ယောက်ပေါင်းရဲ့ အရပ်က ၆ပေတောင်
မရှိခဲ့ပါဘူး။

လွန်ခဲ့တဲ့နှစ်(၆ဝ)က လက်ထပ်ပြီး(၃)ရက်သာရှိသေးတဲ့ Boris က တပ်နဲ့အတူ ရှေ့တန်းထွက်ခဲ့ရတယ်။
ရှေ့တန်းကပြန်လာချိန်မှာ
ဇနီးသည်Annaတို့ မိသားစုကို မတွေ့ခဲ့တော့ဘူး။ နောက်တော့
သူတို့နှစ်ဦးတွေ့ဆုံဖို့ ကံကြမ္မာက ဖန်တီးခဲ့တယ်။
"ကျွန်မနဲ့ရင်းနှီးခဲ့ဖူးတဲ့ အမျိုးသားတစ်ယောက် ကျွန်မနားချည်းကပ်လာတော့ ကျွန်မရင်တွေခုန်လိုက်တာ။
သူဆိုတာ
ကျွန်မသိတယ်။
ဝမ်းသာလွန်းလို့ ကျွန်မမျက်ရည်ကျခဲ့မိတယ်" လို့ Anna ကပြောပါတယ်။ ခွဲခွါပြီး
အနှစ်(၆ဝ)မှာ
သူတို့ပြန်ဆုံခဲ့ကြတာဖြစ်တယ်။

ဒီနာမည်တူလင်မယားက Texas ကလာတဲ့ Kelly Hildebrandt နဲ့
Florida ကလာတဲ့ Kelly
Hildebrandt ပဲဖြစ်ပါတယ်။ သူတို့ကတွေ့ပြီး (၈)လအကြာမှာ
ချစ်သူတွေဖြစ်ခဲ့ကြပြီး မင်္ဂလာဆောင်ခဲ့ကြတာဖြစ်တယ်။

Zelmyra တို့လင်မယားရဲ့ အိမ်ထောင်သက်က
(၂ဝဝ၉)ခုနှစ် မေလ (၁၃)ရက်နေ့မှာ (၈၅)နှစ်ပြည့်ခဲ့ပါပြီ။ Zelmyra ကအသက် (၁ဝ၁)နှစ်ရှိပြီး Herbert က
(၂ဝဝ၉) ဇွန်လ(၁ဝ)ရက်မှာ အသက်(၁ဝ၄)နှစ် ပြည့်ပါတယ်။ သူတို့ရဲ့ မင်္ဂလာနေ့ရက်က (၁၉၂၄)ခုနှစ်
မေလ(၁၃)ရက်နေ့ဖြစ်ကြောင်းကို နှစ်ဦးစလုံးအသေအချာ မှတ်မိနေခဲ့ပါတယ်။

Anna Haining Swan ကို (၁၈၄၆)ခုနှစ်
သြဂုတ်လ(၆)ရက်နေ့မှာ ကိုယ်အလေးချိန်(၁၈)ပေါင်နဲ့ မွေးဖွားခဲ့တယ်။(၅)နှစ်အရွယ်မှာ Anna ဟာ အရပ်(၄ပေ ၈
လက္မ)ရှိပြီး အပျိုဝင်စမှာ (၇ပေ ၅.၅လက္မ) ရှိခဲ့ပါတယ်။ Martin ကို (၁၈၃၇)ခုနှစ် နိုဝင်ဘာလ (၉)ရက်နေ့မှာ
မွေးဖွားခဲ့ပြီး သူ့အရပ်က (၇ပေ ၂.၅လက္မ) ရှိခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ
(၁၈၇၁)ခုနှစ် ဇွန်လ (၁၇)ရက်နေ့
အင်္ဂလန်နိုင်ငံ St. Martin မှာ လက်ထပ်ခဲ့ကြပါတယ်။
ဟားဟ....မိုက်တယ်နော် သယ်ယင်းတို့...
0 comments:
Post a Comment