Monday, July 12, 2010

ထိုင်းနိုင်ငံမှ အမှတ်တမဲ့မှ အမှတ်တရသို့

ထိုင်းနိုင်ငံကို မြန်မာပြည်မှ မြန်မာပြည်သားအားလုံးဟာ ကိုယ့်မြေကိုယ့်ဒေသမှာ အလုပ်ရှားလာတာနဲ့အမျှ

အိမ်နီးချင်းနိုင်ငံကို ပြေးလာကြတာအား လုံးအသိပါ……..ဒါ့အပြင်
အခြားသောနိုင်ငံများမှာလည်း ရွေ့ပြောင်းအလုပ်သမားများ(Migrant Workers)
အဖြစ်အလုပ်လုပ်ကြရပါတယ်……..


အလုပ်လုပ်တဲ့အခါမှာ အနည်းနဲ့အများ ကိုယ်စီပြသနာတွေတော့ရှိကြတာပေါ့… ဒါပေမဲ့ တစ်ချို့သော အလုပ်သမားတွေက
တခြားနိုင်ငံမှာ အခက်အခဲများကြားက အလုပ်လုပ်ရတာကို မြန်မာပြည်မှာ
အလုပ်လုပ်ရတာထက်ပိုပြီး ပျော်မွေ့နေကြပါတယ်………..


ဘာဖြစ်လို့လဲဆိုတဲ့အကြောင်းရင်းကို အဝေးရောက်နေတဲ့ ညီအစ်ကိုမောင်နှမအားလုံးပဲ ကိုယ်စီ
ကိုယ်စီသိကြမှာပါ……….ဟုတ်ဘူးလား


ထိုင်းနိုင်ငံမှာ တရားမ၀င် ရွေ့ပြောင်းအလုပ်သမားအများအပြားရှိပါတယ်….ထိုင်းမှာက
မြန်မာပြည်နဲ့အရမ်းနီးလို့လား………..ဒါမှမဟုတ်အ၀င်အထွက် နည်းနည်း
ချောင်လို့လားတော့မသိဘူး…..သေချာတာတစ်ခုက
မြန်မာပြည်ရွေ့ပြောင်းအလုပ်သမား တွေက တခြားနိုင်ငံတွေထက်
ပိုများမယ်ထင်တယ်…… အလုပ်သမားတွေများလာတာနဲ့အမျှ
ထိုင်းပုလိပ်တွေရဲ့ ဖမ်းဆီးမှုဟာလည်း ကျပ်တည်းလာတယ်………..
ဖမ်းမိပြီဆိုရင်လည်းပိုက်ဆံတောင်းတယ် …………ပိုက်ဆံမပေးဘူးဆိုရင်တော့ အချုပ်ခန်းထဲထည့်ပေါ့….


ပိုက်ဆံတောင်းလာတဲ့အခါမှာ မြန်မာပြည်အလုပ်သမားတွေအနေနဲ့ ရတဲ့ လခက တစ်နေ့မှာ ၈၀ အတက်ဆိုတော့
သူတို့တွေအနေနဲ့ဘယ်လိုမှ တောင်းတိုင်းမပေးနိုင်ဘူး………အဲဒီတော့ ထိုင်းရဲ ခေါ် ပုလိပ်တွေကို
တွေ့တာနဲ့လူက အလိုလိုနေရင်း လန့်နေတယ်လေ…..


သူတို့ရဲ့ ၀တ်စားဆင်ယင်မှုကိုကြည့်ခြင်းအားဖြင့်
အလိုလိုနေရင်းလည်း လန့်နေရတယ်….


ခန့်တဲ့ ထိုင်းရဲတွေလည်းရှိတယ် အဟီး…………


http://images.travelpod.com/users/harvimalhi/rwt.1142760480.0710_geting_pulled_up_by_thai_police.jpg

ဒါကတော့ လိုင်စင်တွေစစ်နေတဲ့ ပုလိပ်တွေပေါ့

http://shitsoil.files.wordpress.com/2007/08/hellokit.jpg

ဒါကျတော့ ဆိုင်ကယ်တွေစီးပြီး မြန်မာပြည်သားတွေကို လှည့်လည်ဖမ်းနေတဲ့
ပုလိပ်ပဲဖြစ်တယ်....သူတို့ဆိုင်ကယ်က အမြင့်ကြီးနော်...


အဲဒီလိုအခက်အခဲတွေ အဖြစ်အပျက်တွေကြားထဲက သူငယ်ချင်းလေးတွေရဲ့အတွေ့အကြုံကို
ဖလှယ်ချင်ပါတယ်ဒီအဖြစ်အပျက်ကိုကြုံတွေ့ရတဲ့လူတွေက ငိုရမလား………..ရီရမလား
ဆိုပီး ……တွေးနေမိတယ်…


ကဲ ဘာအတွေ့အကြုံတွေများလဲ ……….ဖတ်ကြည့်ရအောင်နော်……….

တစ်နေ့မှာ………….သစ်သီးတွေရောင်းတဲ့ အရောင်းဆိုင်တစ်ဆိုင်မှ… အလုပ်သမား တစ်ယောက်က အသီးတွေကို သယ်လာတာပေါ့…


အဲဒီအခါမှာ ………… ပုလိပ်ကိုလမ်းဘေးမှာ လူစစ်နေတာကိုမြင်တယ်…………..အင်း…


အဲဒီနေရာကိုနည်းနည်းကျော်လာတော့ အလုပ်သမားက တွေးလိုက်တာပေါ့……………


ဟာ လွတ်ပီပေါ့ ………..သူငါ့ကိုမခေါ်ဘူး…………အ ဟိ…………..


အဲလိုတွေးနေတုန်းမှာပဲ ……….. ပုလိပ်က အော်လိုက်တယ်………………..


ကွေ့ ကွေ့……………အဲဒါနဲ့ အဲဒီအလုပ်သမားက ဆိုင်ကယ်ကိုပြန်ကွေ့ပီး ပုလိပ်ဆီကိုပြန်လာတယ်တဲ့………….. (ပုလိပ်အော်တာက
ကလွေ့ ကလွေ့
လို့အော်တာ ကလွေ့ဆိုတာက ထိုင်းဘာသာစကားက ငှက်ပျောသီးကို
ခေါ်တာဖြစ်တယ်..ဘာဖြစ်လို့
ကလွေ့ ကလွေ့လို့အော်လည်းဆိုတော့…………..ငှက်ပျောသီးကို တွေ့လို့ စားချင်လို့
အော်တာ……….လူကိုစစ်ဖို့ အော်တာမဟုတ်ဘူးး……အမှန်တော့ ထိုင်းစကားမတတ်တော့
ကွေ့ခိုင်းတယ်ထင်ပြီး ကွေ့လိုက်တော့ ကွက်တိပဲ…)



အဲဒါနဲ့ ပုလိပ်လည်းကြောင်သွားတယ်………….ဟာ ဒီကောင်………….ဘာလာလုပ်လဲလို့ ပြောလိုက်တော့ ………ဟိုက် ငါ့ကို
မပြောဘူးပဲ…..ငါဘာပြန်လုပ်ရမလဲ……..ငါ ထိုင်းစကားပြန်ပြောလိုက်မယ်ဆိုရင်လည်း
ငါဗမာမှန်းသိသွားမယ်…….အဲလိုတွေး နေစဉ်မှာပဲ ပုလိပ်ကလည်း
စစစ်ပီပေါ့…………လက်မှတ်ရှိလား
ဘာညာပြောတော့အလုပ်သမားက မရှိဘူးပေါ့……အမှန်အတိုင်းဖြေလိုက်တယ်..


မဖြေလို့လည်းမရဘူးလေ…………..ရှိတယ်ဆိုရင်တစ်ကယ်ပြရတော့မှာကိုး ရဲကတော့
စဘိုင် စဘိုင်ပဲ………..ကောင်းကောင်းလေးကို ပိုက်ဆံတောင်းတော့တာပဲ။ ။



အဲဒီတော့ သူငယ်ချင်းတို့ဖြစ်မယ်ဆိုရင် ရီမလား ငိုမလားပဲနော်…………….



နောက်အဖြစ်အပျက်တစ်ခုကတော့ ……………


လမ်းဘေးနားမှာ လမ်းလျောက်နေကြတဲ့ အတွဲတစ်တွဲရှိတယ်……..


လမ်းလျောက်လာတာက ပုလိပ်အိမ်လမ်းဘေးဖြစ်နေတယ် အဲဒီတော့ ပုလိပ်က အိမ်ထဲမှာနေပြီး သူ့ကလေးကို
အော်တာ
မနီိ.. အဲဒီကို အတွဲထဲက ကောင်မလေးက သူ့ကိုခေါ်တယ်ထင်ပြီး ..ရှင်
လို့ထူးလိုက်တော့………… ရှေ့ကြည့်နောက်ကြည့် ဘယ်သူကိုမှ မတွေ့တော့
ကိုယ်ဖာသာကိုလမ်းဆက်လျောက်တယ် (မားနိ လို့ပြောတာပေါ့………….ထိုင်းလိုဆို
ဒီမှာလာလို့ပြောတယ်…..)


နောက်တစ်ခါကျတော့ ခွေးက ပြေးလာတော့ အောင်ပိုင်………….လို့ထပ်အော်လိုက်တယ်

အဲဒီအချကျတော့ အတွဲထဲက ကောင်လေးက ……ဗျာ…လို့ထပ်ထူးတယ်….(အောဝ်ပိုင် ဆုတာ ထွက်သွားလို့ပြောတာ ခွေးကို
မောင်းထုတ်တာဖြစ်တယ်)

အဲဒီလို ခွေးလာတဲ့အတွက်ကျတော့ ပုလိပ်က ယူနီဖောင်းမလဲ၇သေးတဲ့အတွက်ကြောင့် အဲဒီ ၀တ်စုံနဲ့ တံခါးပိတ်ဖို့ ထွက်လာတော့
အတွဲကကောင်းကောင်းမတွဲလိုက်ရပဲနဲ့ တန်းနေအောင်ပြေးရတော့တာပဲ…..


ငိုမလား………….ရီမလား သူငယ်ချင်းသာ သူ့နေရာမှာဝင်ခံစားကြည့်ပေါ့..

တောင်ပေါ်သူ

0 comments: