ဇူလိုင်လ (၇) ရက်နေ့က ထွက်ရှိသော တောင်ကိုရီးယား လူငယ်အဆိုတော် အဖွဲ Super Junior ၏ No Other သီချင်းဗီဒီယို အသစ်ကို နှစ်သက် သဘောကျသူ အထူးများပြားပြီး စတင်လွှင်တင်သည့် ရက်မှ (၆) ရက်အတွင်း နာမည်ကျော် ဗီဒီယို ရှယ်ယာဆိုက် Youtube တွင် ဝင်ရောက်ကြည့်ရှုသူ ၁.၂ သန်းကျော်ရှိလာပြီး ကြည့်ရှုသူအရေအတွက် ဆက်လက် တိုးတက်လျက်ရှိသည်။
ထို သီချင်းဗီဒီယိုသည် ကြည့်ရှုသူများရုံသာမက ဝေဖန်ဆွေးနွေးမှု အများဆုံး၊ နှစ်သက်သူအများဆုံး အဆင့်များဖြစ်သည့် Most Discussed ၊ Top Favorited နှင့်Top Rated စသော Youtube ဆိုက်ပေါ်မှ အဆင့် သတ်မှတ်ချက်များ တွင်လည်း ထိပ်ဆုံးရောက်လျက်ရှိသည်။
Album အသစ် ထွက်ရှိခဲ့သော Super Junior အဖွဲဝင် ၁၀ ဦး
No Other သီချင်းဗီဒီယို အသစ်ကို ကိုရီးယားနိုင်ငံမှသာမက ဂျပန်၊ တိုင်ဝမ်၊ တရုတ်၊ ဟောင်ကောင်၊ ပြင်သစ်၊ အီတလီ၊ နယ်သာလန်၊ ပိုလန်၊ ဘရာဇီး၊ ကနေဒါ၊ ရုရှ နှင် ဆွီဒင် နိုင်ငံများမှ လည်း ဝင်ရောက်ကြည့်ရှုကြရာ ကမ္ဘာတစ်ဝှမ်း ကိုရီးယား ပေါ့ ဂီတ လွှမ်းမိုးမှု ကြီးထွားလာပုံနှင့် Super Junior အဖွဲ့ ကျော်ကြားလာပုံကို ဖော်ပြနေခြင်း ဖြစ်သည်။
ပြီးခဲ့သော သီတင်းပါတ် အတွင်းကလည်း တစ်ပါတ်အတွင်း သီချင်း Album ၂၀၀၀၀၀ ကျော်ရောင်းချခဲ့ရသောကြောင့် တောင်ကိုရီးယား ဂီတရုပ်သံ အစီအစဉ်များ ဖြစ်သော Music Bank နှင့် Inkigayo တို့မှ ဂုဏ်ပြုဆုများရရှိခဲ့သော Super Junior အဖွဲ့သည် ဇူလိုင်လ အတွက်သာမက ၂၀၁၀ ခုနှစ်အတွက် အလားအလားကောင်းများ များစွာရှိသည်ဟု သိရသည်။
Youtube တွင် လွှင်တင်ထားသော Super Junior ၏ No Other သီချင်းဗီဒီယို အသစ်
0 comments:
Post a Comment