က မ္ဘာပေါ်တွင် Gay တစ်ဦးအဖြစ် ပထမဆုံး နိုင်ငံ ခေါင်းဆောင် ဖြစ်ခဲ့သူ ဂျိုဟာနာ ဆင်ဂွာဒါဒေါ့တီသည် ယခုအခါ တရားဝင် လက်ထပ် လိုက်ပြီဖြစ်သည်။ အိုက်စလန်နိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားသော အသက်(၆၈)နှစ်ရှိ ဂျိုဟန်နာသည် သူမနှင့် နှစ်ရှည်လများ တွဲနေခဲ့သည့် အမျိုးသမီးချင်းချစ်သူ ဂျိုနီနာလီယော့ဒေါ့တီအား လက်ထပ်လိုက်ခြင်းဖြစ်သည်။ အသက်(၅၀)ရှိပြီ ဖြစ်သော စာရေးဆရာမ ဂျိုနီနာသည် ဝန်ကြီးချုပ် ဂျိုဟန်နာနှင့် နှစ်ပေါင်း အတော်ကြာ ချစ်သူများ ဖြစ်နေ ခဲ့သည်။
မိ မိကိုယ်ကိုယ် လိင်တူချင်း စိတ်ဝင်စားသည့် Gayတစ်ဦးဖြစ်ကြောင်း တရားဝင် ဝန်ခံပြောကြားထားသည့် ဂျိုဟန်နာသည် နိုင်ငံအတွင်း လိင်တူချင်း လက်ထပ်ခွင့် ဥပဒေကို အတည်ပြုပေးပြီးနောက် သီတင်းပါတ် အနည်းငယ်အတွင်း ယခုလို လက်ထပ်ပွဲ ဆင်နွှဲခဲ့ခြင်းဖြစ်သည်။ ဂျိုဟန်နာတို့ လက်ထပ်ပွဲကို ဇွန်လ(၂၆)ရက်နေ့က ပြုလုပ်ခဲ့ပြီး ဥပဒေကို ဇွန်လ(၁၂)ရက်နေ့ကမှ အတည်ပြု ပြဌာန်းခဲ့ခြင်းဖြစ်သည်။ ဂျိုဟန်နာသည် ပြီးခဲ့သည့်နှစ်က အိုက်စလန်၏ ဝန်ကြီးချုပ် ရာထူးကို စတင်ထမ်းဆောင်ခဲ့ပြီး ကမ္ဘာပေါ်တွင် Gay တစ်ဦးအဖြစ် ထုတ်ဖော်ဝန်ခံသည့် ပထမဆုံး နိုင်ငံခေါင်းဆောင်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။
Same-Sex Marriage Becomes Legal in Iceland; Prime Minister Gets Married
Prime Minister Johanna Sigurdardottir married writer Jonina Leosdottir on Sunday, the first day of legal same-sex marriage in Iceland.
Sigurdardottir, who has children from a previous heterosexual marriage, is the world’s only openly gay prime minister but her sexuality has never been an issue in Iceland, which, like the other Nordic states, has a history of tolerance.
The marriage makes Sigurdardottir the first government leader in the world to enter a same-sex marriage. Iceland’s Parliament voted unanimously to approve same-sex marriage earlier this month.
Three cheers for equality and congratulations to the Prime Minister and her new wife!
မူရင်း
http://www.monetine999.com/2010/07/783-gay-2710.html
Wednesday, July 21, 2010
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment