Saturday, July 3, 2010

ဝိုင်းစုခိုင်သိန်းနှင့် အင်တာဗျူး

သရုပ်ဆောင်ပိုင်းမှာလည်း တဖြည်း ဖြည်းနဲ့ ပရိသတ်လက်ခံ အားပေးလာခဲ့တဲ့ ၀ိုင်းစုခိုင်သိန်းကတော့ ဂီတပိုင်းမှာလဲ အောင် မြင်မှုတွေ ရရှိလာခဲ့ပြန်ပါပြီ။ အောင်မြင်မှု ကြောင့် ရရှိလာခဲ့တဲ့ အခွင့်အရေးတွေ ကလည်း အောင်မြင်မှုလမ်းစတွေပါပဲ။ ဒါကြောင့် အောင်မြင်နေတဲ့ သူမ ဘာတွေများ လုပ်နေသလဲဆိုတော့ ...
မေး။ ၀ိုင်းစုရဲ့ မက်လောက်စရာ စီး ရီးက အခုဗွီစီဒီထွက်ရှိခဲ့ပြီ၊ ဒီအခွေကို လည်း ပရိသတ်က အရမ်းအားပေးတာ တွေ့ရတယ်နော်။ ဒီအတွက် ၀ိုင်းစုရင် ထဲက ပီတိစကားလေး ပြောပါဦး။
ဖြေ။ ၀ိုင်းစုအရမ်းပဲ ပျော်ပါတယ်။ ပရိသတ်ကြီးကလည်း အခုလိုအား ပေးတဲ့အတွက် ကျေးဇူးလည်းတင်ပါ တယ်။ ဒီအတွက် ၀ိုင်းစုအားတွေအ ရမ်းရှိသွားပါပြီ။ ဒါကြောင့် ၀ိုင်းစု ဒီ့ ထက်မက ကြိုးစားသွားမှာပါ။
မေး။ စီဒီထွက်ခဲ့စဉ်တုန်းကနဲ့ အခု ဗွီစီဒီထွက်တဲ့အချိန် ပရိသတ်အားပေး မှုက ဘယ်လိုများရှိပါသလဲ။
ဖြေ။ စီဒီတုန်းကတော့နော် ပရိသတ် တွေကများသောအားဖြင့် ဗွီစီဒီကိုပို ကြိုက်ကြတာများတယ်လေ။ ဒီတော့ စီဒီတုန်းကထက် ဗွီစီဒီကိုပိုအားပေး ကြပါတယ်။
မေး။ ၀ိုင်းစုလတ်တလော လှုပ်ရှားမှု တွေကို ပြောပြပါဦး။
ဖြေ။ ၀ိုင်းစု အခု ကားရိုက်တွေခဏ နားထားပါတယ်။ မက်လောက်စရာအ ခွေအတွက်ဏမသာသအငသည တွေ လိုက် လုပ်ဖို့ရှိပါတယ်။ ဒီအတွက် ခရီးတွေ ထွက်ဖို့လုပ်နေပါတယ်။ ငါးမြို့လောက် သွားခဲ့ပါမယ်။ မြို့တွေက မုံရွာ၊ မန္တလေး၊ ပျဉ်းမနား၊ ပြီးရင် ပုသိမ်နဲ့ ပြည်ကိုသွား ခဲ့တာပါ။ ဇွန် ၂၀ရက်နေ့ စထွက်ခဲ့ တယ်။ ဒီမြို့တွေမှာ ၀ိုင်းစုနဲ့အတူ အနုပညာမောင်နှမတွေနဲ့ အမှတ်တရ လက်မှတ်ရေးထိုးပေးတာတွေ သီဆို ဖျော်ဖြေခဲ့တာတွေ လုပ်ခဲ့ပါတယ်။
မေး။ ပြည်ပခရီးစဉ်တွေရှိရင်လဲ သိပါရစေ။
ဖြေ။ ၀ိုင်းစု ပြည်ပခရီးစဉ်အနေနဲ့ အ မေရိကမှာ သုံးလသွားရောက်ဖျော် ဖြေဖို့ရှိပါတယ်။ဇူလိုင် ၇ရက်နေ့ စထွက်မှာပါ။ တခြားအနုပညာမောင် နှမတွေကူဆိုင်းဆီ၊ ရေဗက္ကာဝင်း၊ ရဲလေး၊ မင်းမော်ကွန်းတို့နဲ့ပါ။ သွား ရောက်ဖျော်ဖြေမယ့်မြို့တွေကတော့ များပါမယ်။ ဘယ်နေရာတွေလည်းဆို တာတော့ သေချာမသိသေးပါဘူး။
မေး။ ဒီအတွက် ဘာတွေပြင်ဆင်မှု တွေ လုပ်ထားပြီးပါပြီလဲ။
ဖြေ။ ၀ိုင်းစုဆိုမယ့်သီချင်းတွေနဲ့ ဖက် ရှင်ပိုင်းတွေ ပြင်ဆင်ခိုင်းထားပါတယ်။
မေး။ ကားရိုက်နားထားတယ်ဆိုတော့ ၀ိုင်းစု ဘယ်တော့လောက် ကားရိုက် တွေ လက်ခံဖြစ်မလဲ။
ဖြေ။ ၀ိုင်းစုပြန်လာခါနီးမှ ကားရိုက် တွေ ပြန်လက်ခံဖြစ်မှာပါ။ အခုလော လောဆယ်တော့ ကားရိုက်တွေလက် မခံသေးပါဘူး။ ၀ိုင်းစုကအရင်တုန်း က အမေရိကကို ဘယ်တော့ထွက်ဖြစ် မလဲဆိုတာမသိတော့ ကားရိုက်လက် မခံဖြစ်တာပေါ့နော်။
မေး။ ၀ိုင်းစုက အဆိုဘက်မှာ အခု လောလောဆယ် ပိုလုပ်ဖြစ်နေတော့ သရုပ်ဆောင်ဘက်မှာရော လုပ်ဆောင် ချက်တွေ ကျသွားနိုင်ပါသလား။
ဖြေ။ ဒီလိုတော့ မဟုတ်ပါဘူး၊ ၀ိုင်းစု က ကားရိုက်မယ်ဆိုရင်တော့ ကား ရိုက်တဲ့အပေါ်မှာ စိတ်ဖိပြီးလုပ်ပါ တယ်။ ဒီသီချင်းဆိုမယ်ဆိုရင်လည်း သေချာလေးလုပ်ဖြစ်ပါတယ်။ နှစ်ခု စလုံးကိုတော့ ရောပြီးမလုပ်ဘူး။
မေး။ ဒုတိယစီးရီးရဲ့အခြေအနေလေး လည်း သိပါရစေ။
ဖြေ။ ၀ိုင်းစုရဲ့ ဒုတိယစီးရီးကို ကြိုလုပ် ထားတယ်ပေါ့နော်။ နောက်ပြီး ခုလ သွားဦးမှာဆိုတော့ ထွက်ဖြစ်ရင် ဒီဇင် ဘာပေါ့နော်။ မွေးနေ့မှာ ထွက်ချင်တာ ပေါ့နော်။ ဒါပေမဲ့ အခွေတစ်ခွေထွက် ဖို့က မလွယ်လှဘူးပေါ့နော်။ ဒါကြောင့် အတတ်နိုင်ဆုံးတော့ အမြန်ဆုံးလုပ် နေပါတယ်။
မေး။ ၀ိုင်းစု အနုပညာခရီးကို ဘယ်လို အင်အားတွေနဲ့ လျှောက်လှမ်းဖြစ်နေ ပါသလဲ။
ဖြေ။ ၀ိုင်းစုက အတတ်နိုင်ဆုံးကြိုးစား ပြီးလုပ်ပါတယ်။ နောက်ပြီး ပရိသတ် ကြီးကလဲ အားပေးဖို့မျှော်လင့်ပါတယ်။
မေး။ ၀ိုင်းစုအချစ်ရေးကိုလည်း သိပါ ရစေ။
ဖြေ။ ၀ိုင်းစုရဲ့ အချစ်ရေးထက် အခု ချိန်မှာ အရေးကြီးဆုံးက မက်လောက် စရာပါပဲ။ ကျန်တာ သိပ်မစဉ်းစားဖြစ် သေးဘူးပေါ့နော်။

ဖလားဝါး နယူး ဂျာနယ်

0 comments: