



လာမည့် ၂၀၁၂ခုနှစ် တွင် ကမ္ဘာ့နိုင်ငံတို့၏ အင်တာနက်ဆက် သွယ်ရေးစနစ်များ ပြတ်တောက်သွားမည်
ဖြစ်ကြောင်း အမျိုးသားအာကာသအုပ်ချုပ် ရေးအေဂျင်စီ နာဆာ၏သတင်းထုတ်ပြန်
ချက်ကို ကိုးကား၍ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်ကပြောသည်။
ဂြိုဟ်တုဆက်သွယ်ရေးစနစ်များ၊ အင်တာနက်၊ အီးမေးလ်၊ တယ်လီဖုန်းနှင့်
အီလက်ထရွန်နစ် ဆက်သွယ်ရေးစနစ်များ သည် ပြတ်တောက်သွားမည်ဖြစ်သည်ဟု
ဒေါက်တာထွန်းလွင်က နာဆာကို ကိုးကား ပြောကြားခြင်းဖြစ်သည်။
''လူတွေပြောတဲ့အထဲမှာ ဟုတ် တာမှန်တာရှိသလို သိပ္ပံကတွေ့ထားတာလဲ ရှိတယ်။
ဂလက်စီ(ကြယ်အစုအဝေး)ကို တစ်ကြိမ်ဖြတ်ဖို့ နေအဖွဲ့အစည်းဟာ နှစ် ပေါင်း
၆၄သန်းကြာတယ်။ ကမ္ဘာနဲ့နေအဖွဲ့ အစည်းက အခုဂလက်စီကိုဖြတ်မှာ။ အဲဒီ ၆၄သန်းဟာ
၂၀၁၂မှာပြည့်ပြီ''ဟု ဒေါက်တာ ထွန်းလွင်က နာဆာ၏တွေ့ရှိချက်ကို ထည့်
သွင်းပြောကြားခဲ့သည်။
ဒေါက်တာထွန်းလွင်နှင့် နာဆာ တို့၏တွေ့ရှိချက်များအရ ဂလက်စီကို ကမ္ဘာ နှင့်နေအဖွဲ့အစည်းဖြတ်သန်းစဉ်တွင်
ကမ္ဘာ့ မြေ၏ သံလိုက်စက်ကွင်းလမ်းကြောင်းများ ပြောင်းလဲမှုဖြစ်ပေါ်စေပြီး
အင်တာနက်နှင့် အီလက်ထရွန်နစ်ဆက်သွယ်မှုစနစ်များပြတ် တောက်သွားဖွယ်
အခြေအနေရှိနေသည်။
''မကြာသေးမီက အဲဒီ ၂၀၁၂ ရုပ်ရှင်ဟာ တစ်ကမ္ဘာလုံးကို လှုပ်လှုပ်ရွရွ ဖြစ်စေခဲ့တယ်။ ကျွန်တော် ၂၀၁၂ကို နေပြည်
တော်ရုပ်ရှင်ရုံမှာသွားကြည်ခဲ့တယ်။ ကြောက် လန့်စရာအတိပါပဲ။ ဒါပေမဲ့ဗျာ
ဒီ၂၀၁၂မှာ ကမ္ဘာပျက်မယ်လို့တော့ ဘယ်ဘာသာတွေ ရဲ့
အထွတ်အမြတ်ကျမ်းတွေမှာမှရေးမထား ဘူး။ ဦးထွန်းလွင်ပြောသလို အင်တာနက်
ဆက်သွယ်ရေး၊ ဖုန်းလိုင်းဆက်သွယ်ရေး ပြတ်တောက်နိုင်တာ လက်ခံလို့ရပါတယ်။
ဒါတွေက အခုတောင်ပြတ်နေတာလေ''ဟု ရူပဗေဒဘွဲ့ရကျောင်းသား ကိုအောင်ဇော်
ထွန်းကပြောသည်။
''ကျွန်တော့်အနေနဲ့ ၂၀၁၂မှာ အင်တာနက်စနစ်များ ပြတ်တောက်မယ် ဆိုတာကိုမယုံကြည်ဘူး။ ဒါပေမဲ့ နာဆာက ထုတ်ပြန်ချက်အပေါ်
အလေးထားဖို့လိုလိမ့် မယ်''ဟု မိုးလေ၀သပညာရှင် ဒေါက်တာ ထွန်းလွင်ကပြောသည်။
မကြာသေးမီက နိုင်ငံတကာ သတင်းတစ်ခု၏အဆိုအရ ၂၀၁၂အစော ပိုင်းတွင်
ဟောင်ကောင်လေကြောင်းလိုင်း Cathay Pacific နှင့် Panasonic ကုမ္ပဏီ
တို့ပူးပေါင်း၍ ကုမ္ပဏီပိုင်လေယာဉ်များတွင် အင်တာနက်၊ မိုဘိုင်းလ်ဖုန်းနှင့်
ရုပ်မြင်သံ ကြားတိုက်ရိုက်ထုတ်လွှင့်မှုများကို တပ်ဆင်
ဝန်ဆောင်မှုပေးရန်စီစဉ်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ကြေညာခဲ့သည်၊၊
ကဲ...... သင်တို့ ရော ဘယ်လိုထင်မြင်ယူဆကြပါသလဲခင်ဗျာ။
http://grou.ps/elevennovember ; မှ ကူးယူဖော်ပြပါသည်။
0 comments:
Post a Comment