Saturday, May 29, 2010

ဘန်ကောက်အာဆီယံပွဲအတွက် နိုင်ငံကိုယ်စားပြု ထပ်မံဖိတ်ခေါ်ခံရပြန်တဲ့ ရေဗက္ကဝင်း

မိုးတွင်း ကာလမှာ ပြည်ပခရီးတွေ ထွက်ဖို့ရှိတယ်လို့ ပြောလာတဲ့ ရေဗက္ကဝင်းက ... ဇွန်လ ၁၁
ရက်နေ့မှာ စင်ကာပူ သွားမယ်။ ဘာသာရေး ဖျော်ဖြေပွဲ တစ်ခုပါပဲ၊ အဲဒါပြီးတော့
၁၅ ရက်နေ့ကို ဘန်ကောက်မှာ အာဆီယံပွဲ သွားဖို့ရှိတယ်။ နောက် စက်တင်ဘာလ
ထဲမှာလည်း နိုင်ငံခြား ထပ်သွားဖို့ ရှိပါတယ်။ ဘာသာရေး ဖျော်ဖြေပွဲက ရေဗက္က၊
ဆုန်သင်းပါရ်၊ စံပီး တို့နဲ့ပါ။ ရိုးရိုးရှိုးတွေနဲ့ ဘုရားကျောင်းရှိုးကို
ဆိုရတာ ကွာခြားမှုရှိတယ်။ ရေဗက္ကက ဘုရားကျောင်းရှိုးကို သိပ်ဆိုလေ့ဆိုထ
မရှိဘူး။ ဓမ္မ တေးသီချင်း တွေကတော့ အများကြီး ရှိပါတယ်။ ဒါပေမဲ့ ဓမ္မ
တေးသီချင်း အားလုံးကို အလွတ်မရဘူး။ အပြင် သီချင်းတွေက အမြဲတမ်း ဆိုနေတဲ့
အခါကျတော့ အလွတ် ရတာပေါ့။ ဓမ္မ တေးသီချင်း ဆိုတဲ့အခါ စာသား မှားတာတို့၊
လွဲချော်မှု တစ်ခုခု ဖြစ်မှာကို အရမ်း စိုးရိမ်တယ်။ ဒီတစ်ခေါက် ပွဲကတော့ ၃၊ ၎
ရက်ပါပဲ။ အာဆီယံ ပွဲကတော့ မြန်မာနိုင်ငံ ကိုယ်စားပြု အနေနဲ့ တက်ရမှာပါ။
သီချင်း ဆိုရမှာပါ။ အာဆီယံ ၁၀ နိုင်ငံအပြင် ဂျပန်၊ ကိုရီးယား၊ ဟောင်ကောင်
အဲ့ဒီ သုံးနိုင်ငံပါ ပါမယ်။ တစ်နိုင်ငံ တစ်ယောက် အဆိုတော် တွေချည်းပဲ
ဖိတ်ထားတာပါ။ ဆိုရမှာက မြန်မာ သီချင်းတစ်ပုဒ်၊ အင်္ဂလိပ် သီချင်းတစ်ပုဒ်
ဆိုရမယ်။ မြန်မာ သီချင်းကတော့ “ငါတော့ မှားပြီ” သီချင်းဆိုမယ်။ အင်္ဂလိပ်
သီချင်းကတော့ ရေဗက္က သေချာ မရွေးရ သေးပါဘူး။ “ငါတော့ မှားပြီ” သီချင်းက
အကတွေနဲ့ ဆိုမှာဆိုတော့ ဟိုရောက်ရင် အကတွေ တိုက်ရဦးမယ်။ ဒါပေမယ့်
မြန်မာသီချင်းက ဆိုနေကျဆိုတော့ သိပ်ပြင်ဆင်စရာ မလိုပါဘူး။ အင်္ဂလိပ်
သီချင်းကတော့ ကြိုပြင်ဆင်သွားမယ်။ ဘာလို့လဲ ဆိုတော့ သူများနိုင်ငံက
အဆိုတော်တွေလည်း လာမှာဆိုတော့ ကိုယ့်ဘက်က လွဲချော်မှုမျိုး မဖြစ်ချင်ဘူး။
အာဆီယံအတွက် ဖိတ်ခံရတာ ဒီတစ်ခါနဲ့ဆို ၂ ခါရှိပါပြီ။ ပထမ အကြိမ်က ဗီယက်နမ်
သွားရတာပါ။ အဲ့ဒီတုန်းက Miss ပြိုင်သလိုမျိုး အာဆီယံ အလှမယ် ပုံစံမျိုး
သွားရတာပေါ့။ အခုက အဆိုတော် အနေနဲ့ သွားရမှာပါ။ ဒါကြောင့် အခုတစ်ခေါက်
ပိုပြီးတော့ အားရပါတယ်။ ပိုပြီးတော့လည်း တာဝန်ကြီးတယ်။ သူတို့ နိုင်ငံရဲ့
ပြန်ကြားရေး ဝန်ကြီးနဲ့လည်း တွေ့ဖို့ရှိတယ်။ ဒါကြောင့် ကိုယ့်ရဲ့
ပြုမူပြောဆို နေထိုင်ပုံတွေက မြန်မာနိုင်ငံ ကိုယ်စားပြု နေတယ်ဆိုတော့
ပိုပြီး တာဝန်ကြီးတယ်။ Band နဲ့ Dancer ကတော့ ဟိုကအဖွဲ့တွေပါ။ သူတို့က
အစမ်းကျင့်ဖို့ကို ၃ ရက် အချိန်ပေး ထားတယ်။ ၁၀ ရက်လောက် ကြာမယ်။ ပွဲက
တစ်ရက်တည်းပါ
” လို့ ပြောပြခဲ့ပါတယ်။
Source by Daily mail

0 comments: