Monday, May 24, 2010

အဖြတ်ရခက်တဲ့ အွန်လိုင်း ကြိုး

မိမိကျောင်း အနီးနားမှာ အလုပ်လာလုပ်နေကြတဲ့ ရွှေမြန်မာတွေကို ခေတ်နောက်
မကျစေချင်တဲ့ စေတနာတွေနဲ့ ကျောင်းမှာ အင်တာနက်နှစ်လုံး တတ်ဆင်ပေးထားပါတယ်။
အခမဲ့နီးပါး လာသုံးကြပေါ့။

ကျွမ်းကျင်ပညာရှင်အဆင့် မရောက်တောင် အများနည်းတူ ဂျီတော့ အီးမေလ်း ဗွီဇက်အိုတွေကို အသုံးပြုတတ်ရင် မဆိုးသေးဘူး ဆိုတဲ့
ရည်ရွယ်ချက်နဲ့ပါ။

အလုပ်တစ်ခု လုပ်တော့မယ်ဆိုရင် ကောင်းကျိုးနဲ့ ဆိုကျိုး ဘယ်ဟာပိုများမလဲလို့
အရင်ဦးဆုံး တွေးတောတတ်အောင် လေ့ကျင့်ထားသင့်ပါတယ်။

ခုလဲ ကလေးတွေအတွက် အင်တာနက် တပ်ဆင်ပေးမယ်ဆိုကတည်းက
အင်း .......နည်းပညာ ဗဟုသုတတွေကို လေ့လာဆည်းပူး သင်ယူမဲ့ ကလေးတွေ
အတွက်တော့ ဆေးဖြစ်မယ်။

ဟော်ကီ တော်ကီပွားမဲ့ ကလေးတွေအတွက်တော့ ဘေးဖြစ်မှာပဲလို့ ကြိုတင် တွေးမိပါတယ်။
တွေးမိတဲ့အတိုင်းလဲ ဖြစ်လာပါတယ်။

တစ်ချို့ကလေးတွေ အလုပ်ကို စိတ်မဝင်စားတော့ပဲ အချိန်ပြည့် တော်ကီပွားနေကြပါတယ်။

“တန်ဆေး လွန်ဘေး ”ဆိုတာကို သတိမေ့ နေကြပါတယ်။

အွန်လိုင်းကြိုးဟာ ကိလေသာကြိုးတွေ လျှပ်စ်ကြိုးတွေ နည်းပညာကြိုးတွေ သံလိုက်ကြိုးတွေနဲ့
ပေါင်းစပ်ထားတာဖြစ်လို့ အဖြတ်ရခက်ပါတယ်။

မမြင်ပဲလည်း မနေနိုင်ပေါင် မကြားပဲလည်း မနေနိုင်ပေါင် ဆိုတဲ့ ကိလေသာကြိုးတွေရဲ့
ဆွဲဆောင်မှုအောက်က ရုန်းထွက်ဖို့ မလွယ်ကူလှပါဘူး။

အွန်လိုင်းရောဂါ ရင့်လာတဲ့ ကလေးတွေကို တွေ့ရင်တော့“ဟေ့ကောင် ပေါ ချောင် ကောင်း စက်လေးတစ်လုံးလောက် ဝယ်ထားပြီး
အိမ်မှာ အင်တာနက် တပ်ဆင်ထားလိုက်တော့၊

ဒါမှ ဣနြေ္ဒရမယ်၊ သူများနိုင်ငံမှာ ဟို အင်တာနက်ဆိုင်သွားလိုက်ရ၊ဒီ အင်တာနက်ဆိုင်
ပြေးလိုက်ရနဲ့ အန္တရာယ်များတယ်” လို့ သတိပေးယူရပါတယ်။

ဘာပဲပြောပြော လမ်းဘေး မူးပြီး အိပ်နေတာနဲ့စာရင်၊ အိမ်ထဲမှာ မူးပြီး အိပ်နေတာက
ကောင်းသေးတယ်လို့ ယူဆပြီး သတိပေး ပြောကြားလိုက်တာပါ။ အချိန်ပြည့် မူးပြီး
အိပ်နေမယ်ဆိုရင်တော့ ဘယ်နေရာပဲဖြစ်ဖြစ် မကောင်းဘူးပေါ့။

လူဆိုတာ ကိုယ်ရောက်ရှိနေတဲ့ ဘဝအခြေနေပေါ် မူတည်ပြီး အဓိကနဲ့သာမညကို ခွဲခြားတတ်ရပါမယ်။

နေ့စဉ် ဝင်ငွေရတဲ့အလုပ်သည် အဓိက၊ အွန်လိုင်းသည် သာမညလို့ ခွဲခြားတတ်ရပါမယ်။

ဒါမှ ဘဝတိုးတက်မှာပါ။

“သုံးတတ်ရင် ဆေး၊ မသုံးတတ်ရင် ဘေး ”ဆိုတာကို သတိပြု လိုက်နာသင့်ပါတယ်။


မေမွန်ကျော် (ချောကလက်မြို့တော်) မှ ကူးယူဖေါ်ပြပါသည်။

0 comments: