Saturday, May 29, 2010

ငလျင်ဒဏ်ခံမိခင်များ ကလေး ၂,၀၀၀ ကျော် မွေးဖွား

ပေကျင်း - ၂၀၀၈ ခုနှစ် ငလျင်ဒဏ်ကြီးကြောင့် သားသမီးများဆုံးရှုံးသွားသော တရုတ်ပြည်မှ အမျိုးသမီးများသည် ယခုအခါကလေး ငယ် ၂,၀၀၀ကျော်မွေးဖွားပေးခဲ့ပြီဖြစ်ကြောင်း၊သားသမီးရအောင် ဆေးထိုးပေးမှုလုပ်ငန်းများအပါအ၀င်အစိုးရ၏အစီအစဉ်ကိုကျေးဇူး တင်ကြကြောင်း အစိုးရမီဒီယာ က သတင်းဖော်ပြခဲ့သည်။

ဆေးဝါးအခမဲ့ကုသပေးသော ထို အစီအစဉ်အရ အမျိုးသမီး စုစုပေါင်း ၃,၁၄၀ ကိုယ်ဝန်ရှိခဲ့သည်။ ၎င်းတို့ အနက် အမျိုးသမီး ၂,၀၁၆ ဦး ကလေး မွေးဖွားခဲ့သည်ဟု အစိုးရ၏ စာရင်းဇယားများကို ကိုးကား၍ ဂလိုဘယ်တိုင်း(မ်) သတင်းစာက ဖော်ပြသည်။

တရုတ်ပြည် အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်တွင် ၂၀၀၈ ခုနှစ်၊ မေလ ၁၂ ရက်နေ့က ပြင်းအား ၈ ဒသမ သုညရှိ မြေငလျင်ကြီး လှုပ်ခဲ့သည်။

တရုတ်ပြည်တွင် မိသားစုများအားကလေးတစ်ယောက်သာ ယူခွင့်ပြုသည့်တင်းကျပ်သော လူဦးရေထိန်းချုပ်ရေးဥပဒေများကို ပြဋ္ဌာန်း ထားသည်။ သို့ သော်လည်း စီချွမ်ငလျင်ဒုက္ခသည်များ အား ထိုဥပဒေပြဋ္ဌာန်းချက်များမှ လျှော့ ပေါ့ခွင့်ပေးထားသည်။ ငလျင်ကြောင့် ကလေးများဆုံးရှုံးသွားသော မိဘများနှင့် မိမိတို့ကလေးများ မသန်မစွမ်း ဖြစ်သွားသော မိဘများကို နောက်ထပ်ကလေးတစ်ယောက် ယူခွင့်ပြုကြောင်း အစိုးရက ကြေညာသည်။

AFP Nwes

0 comments: