Saturday, May 22, 2010

တက္ကသိုလ်များတွင် Ipad ချိတ်ဆက်မှုပိတ်ထား


Saturday, 22 May 2010 18:58
Apple ကုမ္ပဏီသည် သူ၏ Ipad ဒီဇိုင်းနှင့် အသုံးပြုရန်ကောင်းမွန်မှုတို့ကြောင့် အမှာစာများ ဆက်လက်တိုးမြှင့် ရရှိနေသည်။ Ipad ၏ အသွင်အပြင်သူ သုံးစွဲမည့်သူများအား စွဲဆောင်မှုများ ရှိနေသည်။ သို့သော်လည်း အမေရိကန်ရှိ တက္ကသိုလ်များ၏ အင်တာနက် ချိတ်ဆက်မှုအား အကြီးအကျယ် ဒုက္ခပေးနေသည်။

ထိုပြဿနာသည် Ipad ၏ လူကြိုက်များမှုကြေင့် မဟုတ်ပဲ ကြိုးမဲ့အင်တာနက် ချိတ်ဆက်မှုကြောင့် ဖြစ်သည်။ နယူးဂျာဆီပြည်နယ်ရှိ ပရင့်စတန် တက္ကသိုလ်မှ Ipad ၂၀ ရာခိုင်နှုန်းခန့်ကို ပိတ်ပင်တားမြစ်ထားသည်။ ထို Ipad ၏ ကြိုးမဲ့အင်တာနက်ချိတ်ဆက်မှုမှတဆင့် ကျောင်း၏ ကွန်ပြုတာစနစ်တခုလုံးသို့ ဒုက္ခပေးနိုင်သော ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်သောကြောင့်ဟု ဆိုသည်။

ဝါရှင်တန်မြို့တော်ရှိ ဂျော့ဝါရှင်တန် တက္ကသိုလ်တွင်လည်း အဆိုပါဆိုးကျိုးများကြောင့် ကျောင်းအင်တာနက်စနစ်ကို ဒုက္ခပေးခဲ့သည်ဟု ပြောဆိုခဲ့သော်လည်း DHCP စနစ်ကြောင့်ဟုတော့ အသေအချာ မပြောခဲ့ပါ။ " ကျွန်တော်တို့ရဲ့ အခု ထိန်းချုပ်မှုစနစ်မှာ Iphone နဲ့ Ipad အတွက် အထောက်အကူ မပြုပါဘူး" ဟု ဂျော့ဝါရှင်တန်တက္ကသိုလ်မှ နည်းပညာ အရာရှိ ဂိုင်းဂျုံးစ်က ပြောကြားခဲ့သည်။

Ipad နှင့် Iphone တို့အား အင်တာနက်ဝင်ရောက်ခွင့် ပိတ်ပင်ခြင်းမပြုနိုင်သော်လည်း ယူဇာအနေဖြင့် ၀င်ရောက်ခွင့် ရှိမှသာ ၀င်ရောက်နိုင်မည်ဖြစ်သည်။

Cornell တက္ကသိုလ်၏ နည်းပညာ အကြီးအကဲ စတိဗ် ချူစတာက " DHCP နဲ့ပတ်သက်တဲ့ ပြဿနာနဲ့ တခြားပြဿနာတွေတော့ မတွေ့ပါဘူး။ ပရင့်စတန်ရဲ့ DHCP တပ်ဆင်ထားမှုနဲ့ Iphone နဲ့ Ipad တို့မှာ ပါတဲ့ DHCP တို့ မတူလို့ဖြစ်မှာပါ။ ကျွန်တော်တို့ တက္ကသိုလ်မှာ အကုန်ဆက်သွယ်ချိတ်ဆက်လို့ရပါတယ်။ Ipad ၇၀ - ၈၀ လောက်ကို ကျွန်တော်တို့ ချိတ်ဆက်ခွင့်ပေးထားပါတယ်။ ဘယ်ပစ္စည်းကိုမှ မပိတ်ပင်ထားပါဘူး" ဟု ပြောကြားခဲ့သည်။

ပရင့်စတန်တက္ကသိုလ်အနေဖြင့် ယခုပြဿနာအား Apple ကုမ္ပဏီနှင့် တိုက်ရိုက်ဆက်သွယ်ပြီး အဖြေရှာသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။


ယခုဈေးကွက်အတွင်းသို့ ၀င်ရောက်လာသော Ipad များသည် Wi-Fi မှတဆင့် ချိတ်ဆက် အသုံးပြုနိုင်ပြီး ဧပြီနှောင်းပိုင်းတွင် တင်ပို့မည့် Ipad များတွင် 3G မှတဆင့် Wi-Fi ကို ချိတ်ဆက်နိုင်မည့် နည်းပညာပါရှိလာမည်ဖြစ်သည်။ Ipad တွင် ပါဝင်သော အင်တာနက်ချိတ်ဆက်မှုဆက်ကြောင်း DHCP ဆက်သွယ်မှုကြောင့် ၀င်ရောက်လာနိုင်ခြင်းဖြစ်သည်။

0 comments: