Saturday, May 22, 2010

လူသားစားနေသော မြန်မာအဖွားအိုအား ဖမ်းဆီးရမိခြင်း

ဤသတင်းသည် Apr 8th တွင် တင်ပြခဲ့သော မြန်မာတွေ လူသားစားကုန်ကြပြီ ဆိုသည့် သတင်း၏ နောက်ဆက်တွဲ ဖြစ်ရပ်ဖြစ်ပါသည်။

သန်လျင်မြို့မှာထူးခြားဖြစ်စဉ်တစ်ခုကြောင့် လူတော်တော်များများ စိတ်လှုပ်ရှားနေပါသည်..။
ဖြစ်ပွားပုံမှာ သန်လျင်မြို့ ပြည်သူ့ဆေးရုံရှိ ရင်ခွဲထောင်တွင်ထားသော ရုပ်အလောင်းများမှာ ထူးခြားဆန်းကြယ်စွာဖြင့် လက်များ၊ပေါင်များတွင် ကုတ်ဖဲ့စားသောက်ထားသည့် အနေအထားမျိုးဖြင့် ပျက်စီးနေသည်မှာ ယခုသတင်းရရှိသော အချိန်အထိ အလောင်း (၁၈)လောင်းခန့်ထိုသို့ဖြစ်ပွားလျက်ရှိပါသည်။
တာဝန်ရှိသူများ ကလည်း အထူးစောင့်ကြပ်လျက် ဂရုစိုက်စောင့်ရှောက်နေသော်လည်း ဆက်လက် ဖြစ်ပွားလျက်ရှိနေပါသည်..။

၎.၄.၂၀၁၀ နေ့ညတွင်လည်း အလောင်းနှစ်လောင်းကိုထားရှိရာ၊တစ်လောင်းမှာ နားရွက်တစ်ဖက် ပျက်စီးလျက်ရှိပြီး နောက်တစ်လောင်းမှာ ပေါင်သားများပျက်စီးလျက်ရှိနေပါသည်။
ထိုသို့ ပျက်စီးသွားသောရုပ်အလောင်းများထဲမှ အချို့သော ပိုင်ရှင်များမှ ဆေးရုံအုပ်ချုပ်သူများအား တရားစွဲဆိုထားကြောင်းကိုလည်း ကြားသိရပါသည်။
ထို့ကြောင့် ၅.၄.၂၀၁၀ နေ့ နံနက်ပိုင်းတွင် တိုင်းအဆင့်ရှိ တာဝန်ရှိ သူများမှသန်လျင်ဆေးရုံကြီးသို့ရောက်ရှိလာပြီး မြို့နယ် တာဝန်ခံများကို ယခုအမှုများအားအမြန်ဖော်ထုတ်ပေးရန် ဆူပူကြိမ်းမောင်းလျက်ရှိသည်ကို တွေ့ရှိရသည်ဟု မျက်မြင် တစ်ဦးကပြောပြပါသည်။

ထိုညတွင် မြို့နယ်ရဲတပ်ဖွဲ့မှ ညပိုင်းတွင်အထူးဂရုစိုက်စောင့်ကြပ်နေပါသော်လည်း ၅.၄.၂၀၁၀ ညတွင်လည်း အလားတူအဖြစ်အပျက် ထပ်မံကြုံတွေ့ရပြန်ကြောင်း မြို့ခံများမှ တဆင့် သိရပါသည်။

ထိုသို့သောဖြစ်ရပ်များအတွက် မြို့ခံများအနေဖြင့် သို့လောသို့လော ထင်မြင်ချက်မျိုးစုံဖြင့် လူများအကြား ထိတ်လန့်ဖွယ်ရာ တစ်ခုအဖြစ် လူပြောများလျက်ရှိပါသည်။


စီစီတီဗီ နှင့် စောင့်ကြည့်စစ်ဆေးချက် အရ တရားခံမှာ အဘွားအို တစ်ဦး ဖြစ်ကြောင်း တွေ့ရှိရပါသည်။
ထို အဖွားအိုသည် ယင်းဆေးရုံမှ ဝန်ထမ်း ဖြစ်ကာ ယခင် လင်မယားနှစ်ယောက် အတူတူ လုပ်ကိုင်နေကြပြီး ယောက်ကျား သေဆုံးသွားသော အခါ စားဝတ်နေရေးကြပ်တည်းသောကြောင့် ယခုကဲ့သို့ လတ်ဆတ်သော လူသေများကိုသာ ဓါးနှင့် လှီးဖြတ်ကာ စားသုံးနေသည်ဟု သိရှိရပါသည်
ရောဂါနှင့် သေသော လူသေများကို မစားသောက်ပဲ..လတ်လတ်ဆတ်ဆတ်သေသော လူသေများကိုသာ ရွေးချယ် လှီးဖြတ်စားသောက်ပါသည်...
ယခုပေါ်ပေါက် လာရခြင်းမှာ ဓါးထိုးခံသေသွားရသော လူငယ်တစ်ယောက်ကို အသားကိုလှီးဖြတ် ထားပြီး နောက်နေ့လူသေအလောင်းပြင်ဆင်သောအခါ သေသေချာချာ ဓါးဖြင့်လှီးဖြတ်ထားသည်ကို တွေ့ရှိရာမှ အလောင်းရှင်မှ တရားစွဲဆို ခြင်းကြောင့် အမှုပေါ်လာရခြင်းဖြစ်ပါသည်

ထိုအပြင် အဖွားအိုကို ဖမ်းဆီးလိုက်ပြီးချိန်တွင် ကုလားမတစ်ဦးလိုဝိဥာဉ် တစ်ခု ဝင်ရောက်ပူးဝင်ပြီး ထိုကိစ္စ သည် ထို ဝိဥာဉ်မှ အဖွားအိုကို ဝင်ရောက် ပူးဝင်ပြီး စားသောက်နေရပါသည်ဟု ဘုန်းကြီးတပါးရှေ့တွင် ဝန်ခံဖြောင့်ချက်ပေးပါသည်။
သို့ပါသော်လည်း ဥပဒေ တွင် မည်သို့မျှ လက်ခံနိုင်စရာ အကြောင်းမရှိသောကြောင့် အဖွားအို အား ဆက်လက်ဖမ်းဆီး ခေါ်ဆောင်သွားပါသည်။

ဒေါင်းမာန်ဟုန်မှ ပြန်လည်ကူးယူ ဖြန့်ဝေပေးပါသည်။

0 comments: