Friday, May 21, 2010

အဲဒီလိုတော့ မလုပ်သင့်ဘူးလေ

အနည်းငယ်သောလူစုလေးအတွက် လူတစ်ယောက်၏ဖျော်ဖြေမှုသည် လူအများတို့အထွဋ်အမြတ် ထားသော
အရာ အတွက် မလေးမစား (စော်ကားမှု) အသွင် မပြုလုပ်သင့်ပေ။
ယခုစာကို ဖတ်နေသော မိတ်ဆွေ ကျွန်ုပ်တို့သည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူများ ဖြစ်သောကြောင့် မသိနားမလည်သူများအား မေတ္တာရှေ့ထားရှင်းပြ (ကာကွယ်)ပြီး ကျွန်ုပ်တို့ကိုယ်တိုင် ဗုဒ္ဓဘာသာကို လေးစားတန်ဖိုးထားရန် မေတ္တာတရားရှေ့ထားရန် တိုက်တွန်းအပ်ပါသည်။ မိစ္ဆာဒိဌိများသည် သုံးလောက ထွဋ်ထားမြတ်ဗုဒ္ဓအား မလေးမစား (စော်ကား)၀ံ့ကြသည်မှာ မြတ်ဗုဒ္ဓ၏ ဂုဏ်ကျေးဇူးတော်ကို မသိတတ်နားမလည် နိုင် သောကြောင့် ဖြစ်ပါသည်။
ကျွန်တော်တို့သည် ယခင်ကထက်ပိုပြီး မြတ်ဗုဒ္ဓ၏ အဆုံးအမ များကိုလိုက်နာကျင့်ကြံ၍ မြတ်ဗုဒ္ဓသာသနာ အဓွန့်ရှည် တည်တံ့စေရန် ကြိုးစားအားထုတ်ရန် မှာ ဗုဒ္ဓဘာသာဝင် သူတော်စင် အားလုံးတို့၏ ဘာသာရေးတာဝန် ဖြစ်ကြောင်း . . . . . .

0 comments: