Sunday, May 30, 2010

Ning ဆိုဒ်များနှင့် မြန်မာ ဆိုဒ်များ ၀င်မရသော မြန်မာအဖွဲ့ဝင်များအတွက် လမ်းညွှန်

မင်္ဂလာပါ

ကျွန်တော် တို့ Ning Platform မှာရှိနေတဲ့

ဆိုဒ်တွေအပြင် မြန်မာ Blog တော်တော်များများကို

မြန်မာပြည် မှ အင်တာနက် IP Poxy ကြောင့်

ဝင်ရခက်နေတာကို တွေ့ရပါတယ်

ပိတ်ထားတာလဲ တွေ့ရပါတယ်

သို့ပါ၍ ကျွန်တော်တို့မှ

နည်းလမ်းများစွာဖြင့် ပြည်လည်ဝင်ရောက်နိုင်ရန်

ကြိုးစားလျှက်ရှိရာ

ပထမစာတွင် Ip Pass Software ဖြင့်

Server မှ ထိန်း၍ ၀င်ရောက်ရန်ပေးပို့ထားခဲ့ပါတယ်

ယခုတစ်ခါ ဆက်လက်ပြီး
ဧဒင်ဥယျာဉ်မှ Admin ကို ညီညီလွင် @ Du Du (Hardware Designer) မှ

ပေးပို့တဲ့ Procedure ဖြင့်

Block ဖြစ်နေသော ဆိုဒ်များ ကို ပြည်လည်ဝင်ရောက်နိုင်ရန်

Ip Address များ ကို ဆက်လက်ဖော်ပြပေးသွားမှာပါ

အောက်ပါလုပ်ငန်း အဆင့်ဆင့်ကို

သေချာ ဆောင်ရွက်ပါက ပြန်လည်ဝင်ရောက်၍ ရနိုင်ပါပြီခင်ဗျား



........................................


1. Firefox မှ .... Tool ဆိုသော နေရာတွက်ကလစ်ပါ
2. ကျလာသော ဘောက်မှ Option ကိုရွေးပါ
3. Option နှိပ်၍ ပေါ်လာမည့် ဘောက်ထဲတွင် Advance နေရာမှNetwork Tab တွင် Setting ကို ကလစ်ပါ

4. Setting ကို နှပ်၍ ကျလာမည့် ဘောက်တွင်

Manual proxy configuration နေရာတွင် ရွေးချယ်ပေးပါ

5. ထို့နောက် HTTP proxy နေရာတွင်



( 212.93.193.88 ) ဟုရိုက်ထည့်ပြီး - Port နေရာတွင် ( 443 ) ကို ရိုက်ထည့်ပါ

ပြီးလျှင် ( OK ) ကလစ်ပြီး ရပါပြီ ။






အထက်ပါအတိုင်း လုပ်ဆောင်ပြီးပါက သင်သွားလိုသော

Ning များသာမက Blocked လုပ်ထားသော ဆိုဒ်များအားလုံး သင်ရောက်လေ့လာ၍ရပါပြီ

ဒီစာကို သင့်မိတ်ဆွေများသို့လည်းမျှဝေနိုင်ပါတယ်ခင်ဗျာ




လေးစားလျှက်


ဥယျာဉ်မှူး (ဧဒင်ဥယျာဉ်)


မှတ်ချက်။ ။ဧဒင်ဥယဉ် မှတဆင့်ပြန်လည်ကူးယူတင်ပြခြင်းဖြစ်ပါသည်။

0 comments: