Thursday, May 20, 2010

၅နှစ်ပြည့် YouTube နေ့စဉ်ဝင်ရောက်ကြည့်ရှုသူ ၂ဘီလီယံအထိရှိ

အင်တာနက် အသုံးပြုသူများကြား ရေပန်းအစားဆုံး video-sharing ဝက်ဘ်ဆိုက်ဖြစ်သည့် YouTube စတင်လွှင့်တင့်ခဲ့မှုမှာ ၅နှစ်ပြည့်ခဲ့ပြီဖြစ်ပြီး နေ့စဉ်ဝင်ရောက်ကြည့်ရှုသူ ၂ဘီလီယံအထိ ရှိနေကြောင်းလည်း သတင်းများက ဖော်ပြကြသည်။ အွန်လိုင်းဗီဒီယိုဈေးကွက်မှာ ယခုလို ကြီးမားတဲ့ အောင်မြင်တိုးတက်မှုကြောင့် YouTubeဟာ အွန်လိုင်းမှာ ဦးဆောင်သူဖြစ်နေကြောင်း ပူးတွဲတည်ထောင်သူ ချက်ဒ်ဟာလေက ပြောကြားသည်။

YouTube ၅နှစ်ပြည့်အဖြစ် ကြည့်ရှုသူတွေ၏ သဘောထားများကို လွှင့်တင်နိုင်မည့် YouTube Five Year Channelကို ဖွင့်လှစ်ထားသည်။ YouTubeတွင် အသုံးပြုသူ သန်းပေါင်းများစွာ လွှင့်တင်ထားသည့် ဗီဒီယိုများကို အချင်းချင်း မျှဝေကြည့်ရှုနိုင်မည် ဖြစ်သည်။ ထိုအချက်ကြောင့်ပင် တီဗီမှ မိုဘိုင်းဖုန်းအထိ နည်းပညာအသုံးအဆောင် ပစ္စည်များတွင် YouTube ကြည့်ရှုအသုံးပြုနိုင်မည့် application ထည့်သွင်းလာကြသည်။ YouTube ဝက်ဘ်ဆိုက်ကို အွန်လိုင်းသုံးစွဲသူများ ဗီဒီယိုကြည့်ရှုနိုင်၊ ဗီဒီယိုများကို အင်တာနက်ပေါ်သို့ လွှင့်တင်နိုင်၊ ဗီဒီယိုများကို အချင်းချင်း ဝေမျှနိုင်ရန်အတွက် ၂၀၀၅ခုနှစ် ဖေဖေါ်ဝါရီလတွင် စတင်လွှင့်တင်ခဲ့ခြင်း ဖြစ်သည်။

Source: XinhuaNet

0 comments: