Saturday, May 29, 2010

ကျွန်တော်တို့နဲ့သဘာဝပါတ်ဝန်ကျင်

အိုဇုန်းလွှာပျက်စီးခြင်း

အိုဇုန်းလွှာတွင်ဓာတုဗေဒဖွဲ့စည်းမူအရ အောင်ဆီဂျင်သုံးလုံးပါဝင်၍ မြေပြင်မှ ကီလိုမီတာ (၂၀) မှ (၄၀) အမြင့်တွင်တည်ရှိသည်။ သက်ရှိများအားအန္တာရယ်ကြီးမှားစေသော ခရမ်းလွန်ရောင်ခြည်ဒဏ်မှ ကာကွယ်ပေးသည်။ လူတို့အသုံးများသော ကာဗွန် ၊ ကလိုရင်း ၊ ဖလူအိုရင်းအက်တမ် များက ကမ္ဘာ့လေထုအတွင်းထိုးဖောက်ပြီး ဓာတုဖွဲ့စည်းမှု အရအိုဇုန်းဓာတ်များနှင့်ပူးပေါင်းပြီး အိုဇုန်းကိုပျက်စီးလိုက်ကြသည်။ ပျက်စီးသွားသောအိုဇုန်းလွှာများကို ပြုပြင်၍မရတော့ သဖြင့် ပို၍မပျက်စီးအောင်ထိန်းသိန်းကြရသည်။အိုဇုန်းပျက်စီး ပျက်စီးစေသောအက်တမ်များထိန်းချုပ်ရန် ကြိုးစားလာကြသည်။ လေထု တွင်လူတို့ထုတ်လွန်သောကာဗွန်ဒိုင်အောက်ဆိုဒ်များလာ၍ ကမ္ဘာကြီးသည် အရင်ကထက် ပို၍ပူနွေးလာသည်။ အိုဇုန်းလွှာ တစ်ရာခိုင်နှုန်းပျက်စီးတိုင်း ခရမ်းလွန်ရောင်ခြည်နှစ်ရာခိုင်နှုန်းတိုး လာသည်။ လေပွေလှိုင်းများကြောင့်လည်းအိုဇုန်းလွှာ ပျက်စီးနိုင်သည်။ ကမ္ဘာရာသီဥတုလည်း ပြောင်းသွားနိုင်သည်။ သီးနှံအထွက်ကျဆင်းခြင်း ၊ရေခဲပြင်များအရည်ပျော်ခြင်း စသည့်ဆိုးကျိုးများဖြစ်လာနိုင်သည်။အပင်များမှထုတ်လွတ်သော အောက်ဆီဂျင်များ အိုဇုန်းလွှာကို ဆက်လက်ဖြည့်ဆည်း ပေးနေမှသာကမ္ဘာကြီးကို ခရမ်းလွန်ရောင်ခြည်မှ ကာကွယ်ပေးနိုင်မည်။

ဖန်လုံအာနိသင်များ

ဖန်လုံအိမ်သည် အဆောက်အဦးကို အမိုးအကာအားလုံး ဖန်သားဖြင့် ပြုလုပ်ထား၍ ပြင်ပနေ၏ အလင်းရောင်ကို ပိုမိုရရှိစေသည်။ ပြင်ပမှဝင်လာသော အပူဓာတ်ကို ပြန်မထွက် နိုင်ရန် ထိန်းထားနိုင်ရန်ထိန်းထားနိုင်ခြင်းကို ဖန်လုံအာနိသင်ဟုခေါ်သည်။ ဟော်လန်နိုင်ငံတွင် ဟင်းသီးဟင်းရွက်ပန်းမျိုးစုံစိုက်ပြီး ရောင်ချ၍ ချမ်းသာသောနိုင်ငံဖြစ် သည်။ ကမ္ဘာကိုလွှမ်းခြုံသောလေထုတွင် နိုက်ထရိုဂျင်(ရ၈) ရာခိုင်နှုန်း ၊ အောက်ဆီဂျင် (၂၁) ရာခိုနှုန်း နှင့် အခြားသော ဓာတ်များအနည်းငယ်စီပါဝင်သည်။သို့သော် ထိုအနည်းငယ်သော ဓာတ်များသည် နေ၏အပူစွမ်းအင်ကိုဖြည့်ဆည်းနိုင်စွမ်းရှိသည်။
ထိုထိန်းနိုင်သော သတ္တိကြောင့် ကမ္ဘာကြီးပူနွေး၍ အပင်နှင့်သတ္တဝါများအသက်ရှင်နေနိုင်ကြသည်။ လေထုတွင် ပါဝင်သော ဓာတ်ငွေ့အချို့သည်အပူဓာတ်ကိုစုပ်ယူထားနိုင်မူသည် ဖန်သားပြင်တွင်ပြုလုပ် ထားသော ဖန်လုံအိမ်၏ အာနိသင်နှင့်ဆင်တူသည်။သုတေသနပညာရှင်များသည် ကမ္ဘာကြီး တဖြည်းဖြည်းပူနွောလာခြင်းကို ရည်ညွှန်း၍ ကမ္ဘာကြီးသည်
ဖန်လုံအိမ် အာနိသင် တနေ့ထက်တစ်နေ့ ပိုမိုခံစား နေရသည်ကို သတိပြုမိခဲ့ကြသည်။ တစ်ကမ္ဘာလုံးတောမီးလောင်ခြင်း ၊ တောမီးရှို့ခြင်း နှင့် လူသုံးကုန်ပစ္စည်းစက်ရုံသုံး လောင်စာများကြောင့်နှစ်စဉ်လေထုအတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ် တန်သန်းတစ်ထောင်မှ နှစ်ထောင့်ငါးရာထိနှစ်စဉ် လွှင့်ပေးနေကြောင်းသိရသည်။ လေထုတွင်ကာဗွန်ဒိုင်အောက်ဆိုဒ် မတိုးပွားစေရန်လေထုမညစ်ညမ်းစေရန် လူသားတိုင်း၏တာဝန်ဖြစ်သည်။


ရေထုညစ်ညမ်းခြင်း

ဤကမ္ဘာမြေမှလွဲ၍ အခြားဂြိုလ်များတွင် ရေမရှိ ကမ္ဘာ၏ (၇၅%) ရေထုဖြင့် ဖုံးလွှမ်းသကဲ့သို့ လူခန္ဓာ၏ (၇၁%)သည် ရေဖြင့်ဖွဲ့စည်းထားသည်။ ရေသည်လူသားတို့အတွက် အဖိုးတန်ဆုံး သောအရင်းအမြစ်ဖြစ်သည်။ လူတို့၏ ကျမ္မာခြင်း မကျမ္မာခြင်း၏ အဓိကမှာ ရေပင်ဖြစ်သည်။ အပင်များတိရိစ္ဆာန်များသည်ရေကိုမှီ၍ အသက်ရှင်ကြသည်။ နိုင်ငံတစ်နိုင်ငံလူမျိုးတစ်မျိုး၏ အဆုံးစွန်သောဖွံ့ဖြိုးတိုးတက်မူကို စည်းကမ်းကာလနားသတ်မှတ်သောနယ်နမိတ်သည် ရေပင်ဖြစ်သည်။ကမ္ဘာတွင်ရေငံ (၉၉%) ကျော်ရှိသော်လည်း ရေချိုမှာ (၀.၁%)သာရှိသည်။ပြောင်းဖူးတစ်ဖူးရရန် ရေဂါလံ (၅၀) လိုသည်။ ပေါင်မုန့်တချပ်ရရန် ရေ (၃၇) ဂါလံလိုသည်။အာလူတစ်နပ်စာရရန်ေ၇ (၁၄၀၀) ဂါလံလိုသည်။အမဲသားတပေါင်ရရန်ရေ (၁၆၀၀)ဂါလံလိုသည်။ဂျုံတတန်ရရန်ရေ(၄၄၀၀၀)လိုစိုက်ပျိုးရေးလုပ်ငန်းတွင်ရေကိုအဆမတန်သုံးစွဲလာပြီးစက်ရုံအလုပ်ရုံများ ရေကို အလွန်အကျွံသုံးစွဲနေကြသည်။ ရေတွင် နိုက်တြိတ်များ ၊ အဆင်းနှစ်များ၊ ပိုးသတ်ဆေးများ ၊ ဓာတ်မြေသြဇာများ ၊ ရေနံယိုဖိတ်မူများ ၊ ကက်ဒမီယံဓာတ်များ ၊ကော့စတစ်များ ၊ အဏုမြူဓာတ်ပြာများ ၊ ဓာတ်ဆိုးဆေးများ ၊ ပြဒါးရည်များ ၊ အမှိုက်

နှင့်အညစ်ကြေးများစွာပါဝင်လျက်ရှိသည်။ မြေအောက်ရေထုတ်ယူသုံးစွဲမူလည်းနှစ်ဆတိုးလာသည်။မြစ်ရေများပင်လယ်မရောက်မှီ ရေများခမ်းခြောက်သွားနိုင်သည်။ စွန်ပစ်ရေကိုနည်းအမျိုးမျိုးကြံဆ၍ ရေသန့်ရရန် ငွေကြေများစွာကုန်ကျနေရသည်။ ရေချိုရေသန့်များမဆုံးရှုံး မကွယ်ပြောက်စေရန် လူသားတိုင်းအသိတရာဖြင့်အလေးထားဆောင်ရွက်ကြရန်လိုသည်။


လေထုညစ်ညမ်းခြင်း

လေမရှိဘဲအသက်မရှင်နိုင်၍ အသက်ကိုလေစောင့်သည်ဟုဆိုရပါမည်။ လူတစ်ဦးတစ်နာရီ လေကုဗပေ (၃၀၀၀) လိုအပ်၍ သက်ရှိအတွက်မရှိမဖြစ်အရေးကြီးသည်။ တစ်မိနှစ်လျှင် အကြိမ်နှစ်ဆယ်ခန့်

လေအောက်ဆီဂျင်ကိုရှုသွင်း၍ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ပြန်လွတ်ပေးသည်။ အောက်ဆီဂျင်လေသည်
ဖုန်များ ၊ မီးခိုးများ ၊ ဓါတ်ငွေ့များ ၊ ရောဂါပိုမွှား များကင်းစင်သော
လေကောင်းလေသန့် ဖြစ်သည်။ လေထုညစ်ညမ်းလျှင်သက်ရှိများဘေးဒုက္ခ ရောက်နိုင်သည်။
စက်မှုသုံးလှောင်စာမှ ကာဗွန်ဒိုင်အောက်ဆိုဒ်များ ၊ ဆာလဖာဒိုင်အောက် ဆိုဒ်များ ၊
ယဉ်မျိုးစုံမှ ကာဗွန်မိုနော့ဆိုဒ်များလေတွင်ရောပါဝင်လာသည်။ ထိုဓာတ်ငွေ့သည်
သက်ရှိနှင့် သစ်ပင်များကိုသေစေနိုင်သည်။ အန္တာရယ်ပြုစေသောဓာတ်များမှ အန္တာရယ်ကင်း
စေသောဓာတ်များကို ပြောင်းနိုင်ရန် ပညာရှင်များသုတေသီများ ကြိုးပမ်းလာကြသည်။
အဆိုပါသေမင်းတမန်ဓာတ်ငွေ့များသည် နောင်အနာဂါတ်တွင် နှစ်ဆသုံးဆတိုးပွားလာဖွယ်ရှိ သည်ဟုပညာရှင်များကခန့်မှန်းကြသည်။
အဆိုပါဓာတ်များပါဝင်သော အက်စစ်မိုးရွာသွန်းမှု ကြောင့် သစ်တောများ ပျက်စီး၍
မြေချဉ်ငန်ဓာတ်များပြောင်းလဲကာ သီးနှံစိုက်ပျိုးမူကိုဒုက္ခ ရောက်စေနိုင်သည်။
ရာသီဥတုမမှန်၍ အပူလိုင်းများကျရောက်ကာ နိုင်ငံပေါင်းသုံးဆယ်ကျော် တွင်
ရေလွှမ်းမိုးပြီး လူသန်းတစ်ရာကျော်ပြောင်းရွှေ့ကြရမည်ဖြစ်သည်။



ထင်းမီးသွေးများထုတ်လုပ်ခြင်း


သစ်တောဆိုသည်မှာရွက်အုပ်ခြင်းထိနေသော သစ်သားထွက်သစ်ပင်ကြီးများ လွှမ်းမိုးသည့် သစ်ပင်အစုအဖွဲ့ သစ်နှင့်သစ်တောထွက်ပစ္စည်းများထုတ်လုပ်ရန်အတွက်၎င်း ၊ သွယ်ဝိုက်သော
အကျိုးရရှိရန်ရာသီဥတုနှင့်ကာကွယ်ရေးကိစ္စရပ်များအတွက် ထိန်းသိမ်းထား သည့်
သစ်တောထွက်အပင်များ ဥပဒေအရသော်လည်းကောင်း ၊ တရာဝင်အမိန့်အရသော် လည်းကောင်း ၊
သစ်တောဟုကြေငြာထားသော ဧရိယာဟု ဖွင့်ဆိုခဲ့ကြသည်။ သစ်တောမြေ ဆိုသည်မှာလည်း
အပင်များဖုံးလွှမ်း၍ သစ်ပင်မည်သည့်
အရွယ်တွင်အဆိုလွှမ်းမိုးပေါက် ရောက်လျက်ရှိပြီး
သစ်တောထွက်ပစ္စည်းထုတ်ယူသည်ဖြစ်စေ မထုတ်ယူသည်ဖြစ်စေ သစ်နှင့်
သစ်တောထွက်ပစ္စည်းထွက်ရှိနိုင်ပြီး ရာသီဥတုနှင့် ရေထုအပေါ် အကျိုးသက်ရောက်မှုရှိလျှင်
သော်လည်းကောင်း ၊ မွေးမြူရေးတိရိစ္ဆာန်နှင့် တောရိုင်းတိရိစ္ဆာန်တို့
မှီခိုရာအဖြစ်လည်းကောင်း ၊ ထိုမြေအားလုံးသည် သစ်တောမြေများပင်ဖြစ်သည်။
သစ်ပင်တစ်ပင်အဖြစ်သို့ကြီးထွား လာစေရန် နှစ်ပေါင်း(၅၀) မှ (၇၅) နှစ်အထိ
အချိန်ယူခဲ့ရသည်။ သစ်ပင်သစ်တောဟူသည် လူသားများ၏ အကျိုးစီးပွားကို
ထာဝစဉ်သယ်ပိုးနေသော လူ့အကျိုးပြု ပဒေသာပင်များဖြစ် သည်။ လူသားများ၏
စားဝတ်နေရေးဟူသည့် အရေးသုံးပါးစလုံးတွင် အပင်နှင့်မကင်းနိုင်ပေ။


မြန်မာနိုင်ငံတွင်စုစုပေါင်း စွမ်းအင်သုံးစွဲမူ (၇၃%) သည်သစ်တောအခြေခံ လောင်စာဖြစ်သည့် ထင်းမီးသွေးများဖြစ်သည်။ထိုသုံးစွဲမူပမာဏသည် လက်ရှိသစ်တောများ မပြန်းတီးဘဲ
ထုတ်လုပ်နိုင်သော ထင်းစံချိန်ထက် များပြားနေသည်။ သစ်တောများမပြုန်းတီး ဘဲ ထုတ်လုပ်နိုင်သော
ထင်းစံချိန်ထက် များပြားနေသည်။ ထင်းမီးသွေးထုတ်လုပ်မူအစားထိုး ရန်
ဖြည်းဆည်းနိုင်သည့်အခြေနေမရှိသေးပေ။ ၉၁-၉၂ တွင်ထင်းကုဗပေတန် (၄) သိန်းကျော် ၊
မီးသွေးကှုဗပေတန် (၆) သိန်းကျော်ထုတ်လုပ်ခဲ့သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင်
နှစ်စဉ် ထင်း ကုဗမီတာ (၉၃၀) သန်းနှင့် တိရစ္ဆာန်နှင့်
သီးနှံစွန်ပစ်ပစ္စည်းတန်ချိန်သန်း (၄၀၀) ကို အသုံးပြုနေရသည်။ ထိုပမာဏသည်
နေ့စဉ်လောင်စာဆီပေါင်း (၅) သန်းနှင့်ညီမျှသည်။ ထင်းကို မီးဖိုချောင်တွင်သာမက
အသေးစားစက်မှုလက်မှုလုပ်ငန်းတွင်လည်း အသုံးပြုနေကြ သည်။ လက်ရှိကမ္ဘာလူဦးရေသန်း (၆)
ထောင်ရှိသည်လည်း (၂၀၂၅) နှစ်တွင်သန်း (၉) ထောင်အထိရှိလာပြီး တိုးလာသောလူဦးရေ၏
(၉၅%)သည် မဖွံ့ဖြိုးသော နိုင်ငံတွင်သာရှိ သည်။ ထိုင်းနိုင်ငံသည်
သစ်တောပျက်စီးမှုအလွန်များ၍ သစ်တောထုတ်လုပ် မူကို လုံးဝရပ်ဆိုင်းခဲ့ရသည်။
အရှေ့တောင်အာရှနိုင်ငံများတွင် (၁၉၀၀) ပြည့်နှစ်၌ သစ်တော ဧရိယာစတုရန်မိုင်ပေါင်း
(၂)သန်းရှိခဲ့သော်လည်း ယခုအခါ (၅) သိန်းကျော်သာကျန်ရှိ တော့သည်။
ထိုသို့ကမ္ဘာနှင့်အ၀န်းသစ်တောများပျက်စီးရခြင်းမှာ တောမီးလောင်ခြင်း ၊
တောင်ယာခုတ်ခြင်း ၊ မြို့ရွာတိုးချဲ့ခြင်းနှင့် အိမ်ဆောက်ပစ္စည်း
ထုတ်လုပ်ခြင်းတို့ကြောင့် ပင်ဖြစ်သည်။


သစ်တောရှိခြင်းနှင့်မရှိခြင်းအကျိုး

ရေမြေလေ အပင်နှင့် တိရစ္ဆာန်များကို ဖျက်စီပစ်မူနှင့် လူဦးရေတိုးပွားမူ ဤနှစ်ခုပေါင်း စပ်လိုက်သောအခါ ရေပြင်မြေပြင်အတော်များများသည် အချည်းနှီးအဖြစ်သို့ရောက်ရှိသွားပြီး လူသားတို့၏
အကျိုးစီးပွားကိုပျက် ပင်ပျက်စီးလာတော့သည်။ မျက်မှောက်ခေတ် သဲကန္တာရ တော်တော်များများသည်
လွန်ခဲ့သောနှစ်ပေါင်းနှစ်ထောင်သုံးထောင်ကာလက မြေသြဇာ အလွန် ကောင်းမွန်၍
လူသားနှင့်သက်ရှိသတ္တ၀ါတို့ဖြင့် ဖွံ့ဖြိုးစည်ပင်ခဲ့သော တိုင်းပြည်များ၏
သမိုင်းမှတ်တိုင်များပင်ဖြစ်သည်။ သစ်တောများသည် ရေကိုစုစည်းခြင်း ၊
သိုလှောင်ခြင်းနှင့် ပတ်ဝန်းကျင်သို့ ဖြန့်ဖြူးပေးခြင်းတာဝန်ကို
မပျက်မကွက်ဆောင်ရွက်ပေး လျက်ရှိသည်။ သစ်တောရှိနေလျှင် လေထုသန့်စင်စေခြင်း ၊
အောက်ဆီဂျင်ဓာတ်ထုတ်ပေးခြင်း ၊ အပူချိန်စုပ် ယူခြင်း ၊
ပတ်ဝန်းကျင်အလင်းရောင်ပြန်ဟပ်မူနည်းပါးစေခြင်း ၊ အပူလျှောက်မူ လျော့နည်းစေ ခြင်း ၊
စိုထိုင်းလေကိုကြားဖြတ်ဟန့်တားခြင်း ၊ အနည်ထိုင်မူကို အားပေးခြင်း ၊ လေပြင်းတိုက်
ခတ်မူကိုကြားဖြတ်ဟန့်တားပေးခြင်း ၊ ရေကိုစုဆောင်းခြင်း သန့်စင်ထိန်းညှိဖြန့်
ဖြူးပေးခြင်း ၊ ချောင်းအိုင်မြစ်ရေကာတာနှုန်းမြေ တင်မူကိုကာကွယ်ခြင်း ၊
မြေဆီလွှာကောင်း များဖြစ်ပေါ်စေ ခြင်း နှင့် ထိန်းသိမ်းစေခြင်း ၊ ဇာတိဒေသခိုင်မြဲမူအတွက်
လိုအပ်သောအခြေနေ များကို ထိန်းသိမ်းခြင်း ၊ တောပျော်တိရိစ္ဆာန်အတွက်
စားနပ်ရိက္ခာနှင့် ဇာတိဒေသများဖန်တီး ခြင်း ၊ သစ်လုပ်ငန်းကိုအကျိုးပြုခြင်း ၊
လောင်စာထုတ်လုပ်ခြင်း ၊ ဓာတုဓာတ်ပေါင်းထုတ် လုပ်ခြင်း ၊ အပန်းဖြေနေရာဖန်တီးခြင်း ၊
တိရိစ္ဆာန်နှင့်သီးနှံပင်များ၏ အရည်အချင်းနှင့် အရည်အတွက်ကို တိုးတက်မြင့်မားစေခြင်း
၊ အသံဆူညံမူကိုဆုတ်ယုတ်လျော့နည်းစေခြင်း ၊ တောင်ပေါ်သစ် တောများသည် အမြင့်ပိုင်းမှ
သက်ဆင်းလာသော လေအေးလိုင်းများ၏ ဒဏ်မှ ကာကွယ်ပေး သည့်အကျိုးအမြတ်များရရှိစေပါသည်။
သစ်တောများ၏ အကျိုးသက်ရောက်မူ သည် သစ်တောများမှထွက်သမျှသစ်လုံးသစ်သားတို့၏
တန်ဖိုးထက်လေးဆမျှ ပိုမိုမြင့်မား ကြောင်း ပညာရှင်များကတွက်ချက်ပြသထားသည်။
သစ်တောပြုန်းတီးလျှင် သက်ရှိလူသား များအတွက်
အထက်ပါကောင်းကျိုးများ၏ဆန့်ကျင်ဘက်ဆိုးကျိုးများကို ရင်ဆိုင်ကြရမည် ဖြစ်ပါသည်။

ချောကလက်မြို့တော်မှ ကူးယူဖေါ်ပြပါသည်။


0 comments: