Wednesday, May 19, 2010

Visa On Arrival လျှောက်ထား သူများ အတွက် စည်းမျဉ်း သတ်မှတ်ချက်များ ထုတ်ပြန်


မြန်မာနိုင်ငံသို့ ဘောလုံး အားကစားနှင့် ပက်သက်သည့် ဆိုက်ရောက်ဗီဇာ (Visa On Arrival ) လျှောက်ထားသူများ အတွက် စည်းမျဉ်းသက်မှတ်ချက်များ ကို သက်ဆိုင်ရာက ထုတ်ပြန် ကြေညာထားပြီးဖြစ်သည်ဟု မြန်မာ နေရှင်နယ် လိဂ် ဝဘ်ဆိုက်တွင် ဖော်ပြထားချက်အရ သိရသည်။
Visa On Arrival လျှောက်ထားသူအတွက် စည်းကမ်းသတ်မှတ်ချက်များ မှာ အောက်ပါအတိုင်းဖြစ်သည်။

(1) မည်သည့်နိုင်ငံ၏ နိုင်ငံသားကိုဖြစ်စေ သက်ဆိုင်ရာ နိုင်ငံမှ တရားဝင်ထုတ်ပေးထားသည့် သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူတိုင်းကို ကန့်သတ်ထားသည့် စည်းမျဉ်းနှင့် ညီညွှတ်လျှင် Visa On Arrival ထုတ်ပေးမည်။

(2) Vss လျှောက်ထားသူ၏ Passport သက်တမ်းသည် ရောက်ရှိသည့်နေ့၏ နောက်ပိုင်း အနည်းဆုံး (၆) လ သက်တမ်းရှိရမည်။

(3) ဆိုက်ရောက် ကမ္ဘာလှည့်ဗီဇာအတွက် ဗီဇာကြေး US$ 30 ကောက်ခံပြီး၊ (၂၀) ရက် နေခွင့်ပေးမည်။ နေခွင့်သက်တမ်း တိုးမြှင့်လျှောက်ထားခြင်းကို ခွင့်မပြု။

(4) ဆိုက်ရောက်လုပ်ငန်းဗီဇာအတွက် ဗီဇာကြေး US$ 40 ကောက်ခံပြီး၊ (၇၀) ရက် နေခွင့်ပေးမည်။ နေခွင့်တိုးမြှင့် လျှောက်ထားနိုင်သည်။

(5) ဆိုက်ရောက်ပြည်ဝင်ဇာ (လူမှုရေးအလည်အပတ်) အတွက် ဗီဇာကြေး US$ 40 ကောက်ခံပြီး၊ (၂၈) ရက် နေခွင့် ပေးမည်။ နေခွင့်တိုးမြှင့် လျှောက်ထားနိုင်သည်။

(6) ဆိုက်ရောက်ဖြတ်သန်းခွင့် ဗီဇာအတွက် ဗီဇာကြေး US$ 18 ကောက်ခံပြီး၊ (၂၄) နာရီ နေခွင့်ပေးမည်။

(7) မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာရန် အပြန်အခရီးအတွက် လေယာဉ်လက်မှတ်ပါရှိရမည်။

(8) မြန်မာနိုင်ငံအစိုးရမှ တရားဝင်အသိအမှတ်ပြု လိုင်စင်ထုတ်ပေးထားသည့် ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း များတွင် နေထိုင်လည်ပတ်မည့်သူ ဖြစ်ရမည်။ တည်းခိုမည့်လိပ်စာကို အတိအကျ ဖော်ပြရမည်။

(9) ဆွေမျိုးများ၊ မိတ်ဆွေများ၏ နေအိမ်များ၊ စက်ရုံအလုပ်ရုံအပါအဝင် တည်းခိုရန် နေရာရှိသူများအနေဖြင့် လက်ခံမည့်သူ၏ လိပ်စာကို အတိအကျ ဖော်ပြရမည်။

(10) လွန်ခဲ့သည့် (၆) လ အတွင်းက ရိုက်ကူးထားသည့် (4 x 6) စင်တီမီတာရှိ ဓါတ်ပုံ (၂) ပုံ အသင့် ယူဆောင်လာရမည်။

(11) မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဥပဒေ အပါအဝင် တည်ဆဲဥပဒေများကို တိကျစွာ လိုက်နာနိုင်ကြောင်း ဝန်ခံကတိပြုသူဖြစ်ရမည်။

(12) မိဘ၏ နိုင်ငံကူးလက်မှတ်၌ ပူးတွဲပါရှိသော အသက် (၇) နှစ်အောက် ကလေးများကို မိဘနှင့်အတူ အခမဲ့ ခွင့်ပြုရမည်။ သီးခြား Passport ကိုင်ဆောင်သူ အသက် (၇) နှစ် အောက် ကလေးများကို ဗီဇာကြေး (အခမဲ့) ခွင့်ပြုမည်။

(13) တစ်ဦးချင်း လာရောက်လည်ပတ်သူဖြစ်ပါက ကိုယ်ပိုင်ငွေ အနည်းဆုံး US$ 300 ပါရှိကြောင်း တင်ပြနိုင်ရမည်။ မိသားစု အလည်အပတ် လာရောက်ခြင်း ဖြစ်ပါက အနည်းဆုံး US$ 600 ပါရှိကြောင်း တင်ပြနိုင်ရမည်။ (သို့မဟုတ်) US$ နှင့် တန်ဖိုးညီမျှသော နိုင်ငံခြားသုံးငွေကို တင်ပြနိုင်ရမည်။

(14) မြန်မာနိုင်ငံ၏ တည်ဆဲဖြစ်သော ဗီဇာစည်းကမ်းချက်နှင့်အညီ နေထိုင်လည်ပတ်ရမည်။

(15) ခွင့်ပြုချက်မရှိသော ကန့်သတ်နယ်မြေများကို သွားရောက်ခြင်းမပြုရ။ ကန့်သတ်နယ်မြေများကို နိုင်ငံခြားသားများ သိရှိအောင် ဆောင်ရွက်ရမည်။

(16) မြန်မာနိုင်ငံအတွင်း ရောက်ရှိလည်ပတ်သွားလာနေစဉ် ညအိပ်ရောက်ရှိ၊ ရပ်နားနေသည့် လိပ်စာကို တည်းခိုရာ ဟိုတယ်၊ မိုတယ်၊ အင်း၊ တည်းခိုခန်း၊ နေအိမ်၊ ရုံးခန်းမှတဆင့် သက်ဆိုင်ရာ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနသို့ သတင်းပို့တင်ပြရမည်။

(17) On Arrival Visa လျှောက်လွှာပုံစံကို လေကြောင်းလိုင်းများတွင် လည်းကောင်း၊ On Line မှ လည်းကောင်း ကြိုတင်ရယူပြီး တင်ပြလျှောက်ထားနိုင်သည်။

အထက်ပါစည်းကမ်းများအတိုင်း ဆက်သွယ်ဆောင်ရွက်ပြီးနောက် ဆက်လက်နေထိုင်ခွင့် (Stay Permit) နှင့် အကြိမ်ကြိမ် ပြည်ဝင်ခွင့်ဗီဇာ (Multiple entry Visa) ဆောင်ရွက်ခြင်းကိစ္စများကို Visa On Arrival စနစ်သစ်အရ လက်ခံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြန်မာ နေရှင်နယ် လိဂ် ဝဘ်ဆိုက်တွင် ဖော်ပြထားသည်။

0 comments: