Wednesday, May 19, 2010

ကမ္ဘာ့ဖလားဘောလုံးပွဲစဉ်များ မြဝတီနှင့်မြန်မာ့ရုပ်မြင်သံကြားမှ တိုက်ရိုက်ပြသမည်


ပွဲစဉ်အားလုံးနီးပါးကို တိုက်ရိုက်ပြသသွားမည်ဖြစ်ပြီး အချိန်တိုက်နေသည့် ပွဲစဉ်များကို MRTVမှ တိုက်ရိုက်ထုတ်လွှင့်ပြသွားနိုင်ရန် ညှိနှိုင်းနေပြီး ဘောလုံးဝါသနာရှင်များ စိတ်ကြိုက်ရွေးချယ် ကြည့်ရှုနိုင်မည်

တောင်အာဖရိကနိုင်ငံတွင် ဇွန်၁၁ရက်မှ ဇူလိုင်၁၁ရက်အထိ ပြုလုပ်မည့် (၁၉)ကြိမ်မြောက် ကမ္ဘာ့ဖလား ဘောလုံးပွဲစဉ်များကို မြဝတီရုပ်မြင်သံကြား(MWD)နှင့် မြန်မာ့ရုပ်မြင်သံကြား(MRTV)တို့က တိုက်ရိုက်ထုတ်လွှင့် ပြသသွားမည်ဖြစ်ကြောင်း အဆိုပါအစီအစဉ်ကို အဓိကတာဝန်ယူထားသော မိုးဆမ်းပန်းကုမ္ပဏီ၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ၏ ပွဲစဉ်အားလုံးနီးပါးကို တိုက်ရိုက်ပြသသွားမည်ဖြစ်ပြီး အချိန်တိုက်နေသည့် ပွဲစဉ်များကို MRTVမှ တိုက်ရိုက်ထုတ်လွှင့်ပြသွားနိုင်ရန် ညှိနှိုင်းနေပြီး ဘောလုံးဝါသနာရှင်များ စိတ်ကြိုက်ရွေးချယ် ကြည့်ရှုနိုင်မည်ဟု ဆိုသည်။ MWDနှင့် MRTVတို့မှ တိုက်ရိုက်ထုတ်လွှင့်သွားမည့် ပွဲစဉ်များ အသေးစိတ်စာရင်းကိုလည်း ထုတ်ပြန်ပေးသွားမည် ဖြစ်သည်။ ကမ္ဘာ့ဖလားဘောလုံးပွဲဆိုင်ရာ ရုပ်မြင်သံကြား အစီအစဉ်များ ထုတ်လွှင့်ခြင်းနှင့်ဆိုင်သည့် ကိစ္စရပ်များကို မြန်မာနိုင်ငံအတွက် တစ်ဦးတည်မူပိုင်ခွင့် ရရှိထားသော ကုမ္ပဏီမှာ Yagon Entertainment ကုမ္ပဏီဖြစ်ပြီး မိုးဆမ်းပန်းကုမ္ပဏီကို ရုပ်သံထုတ်လွှင့်ခွင့် ပြန်လည် ရောင်းချထားခြင်းဖြစ်ကြောင်း သိရသည်။

0 comments: