Wednesday, May 19, 2010

မိုးဟေကို တစ်ကိုယ်တော်ဖျော်ဖြေပွဲ အမေရိကရှိမြို့ရှစ်မြို့တွင် ပြုလုပ်မည်


ရုပ်ရှင်ဇာတ်ကားများနှင့် ဗီဒီယိုများ ဆက်တိုက် ရိုက်ကူးနေရပြီး ပြည်ပဖျော်ဖြေရေးပွဲများလည်း အခါအားလျော်စွာ သွားရောက်လေ့ရှိသူ မိုးဟေကိုသည် မေလတတိယပတ်တွင် အမေရိကန်ပြည်ထောင်စုရှိ မြို့(၈)မြို့တွင် ၀မ်းလေဒီရှိုး(တစ်ကိုယ်တော်ဖျော်ဖြေပွဲ) သွားရောက်ဖျော်ဖြေရန် စီစဉ်နေကြောင်း သူမ၏ မန်နေဂျာဖြစ်သူထံမှ သတင်းရရှိသည်။ “မြို့ရှစ်မြို့မှာ ၀မ်းလေဒီရှိုးပြုလုပ်ဖို့ အမေရိကားရောက် မြန်မာတစ်ဦးက ဖိတ်ကြားထားတာပါ။ ဒီရက်ပိုင်းမှာ ဗီဇာဝင်ဖို့ကိစ္စ သူစီစဉ်နေပါတယ်။ သူ့အမေပါ လိုက်ဖို့အတွက်လည်း စီစဉ်နေပါတယ်”ဟု ၄င်းက ထပ်မံပြောကြားသည်။ ၀မ်းလေဒီရှိုးအတွက် မိုးဟေကိုက အမေရိကားရှိ မြို့ခံတီးဝိုင်းများ၊ အပျော်တမ်းတီးဝိုင်း အဖွဲ့များနှင့် တွဲဖက်သီဆိုမည်ဖြစ်ပြီး ဖျော်ဖြေရေးခရီးစဉ်မှာ နှစ်လကြာမြင့်မည် ဖြစ်သည်။ ခရီးစဉ်အတွင်း ဗီဒီယိုရိုက်ကူးရန်လည်းရှိပြီး ကျော်ကျော်ဗို၊ နေတိုးနှင့် ထွန်းထွန်းတို့လည်း ဇာတ်ကားရိုက်ကူးရေးအတွက် လာရောက်မည်ဟုသိရသည်။ မိုးဟေကိုသည် ယခုနှစ်အတွင်း ရုံတင်မည့် ဒါရိုက်တာဝါ၀ါဝင်းရွှေရိုက်ကူးသည့် “ရင်ဘတ်ကြီးနဲ့ချစ်လိုက်မယ်” ရုပ်ရှင်ဇာတ်ကားကြီးတွင် ခေါင်းဆောင်မင်းသမီးတစ်ဦး အနေဖြင့် ပါဝင်ထား သည်။

0 comments: