ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ဘုန်ကြီးတစ်ပါးထံမှသေနတ်များတွေ
စိတ်ထဲမှာတော့ တော်တော့ကို ဘ၀င်မကျ ဖြစ်သွားတယ် ဘယ်လိုများဖြစ်ကုန်ပြီလဲလို့ ဒါနဲ့ပဲ ကျွန်တော်လည်း
သိချင်စိတ်ပြင်းပြင်းပျပျ ရှိတာကြောင့် ကမန်းကတန်းဖွင့်ဖတ်လိုက်မိတယ်။ အကြောင်းအရာက ဒီလိုလေး ခင်ဗျ
ယနေ့ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်း ဦးဇင်းတစ်ပါးဆွမ်းခံကြွရာ၊
သက်ဆိုင်ရာမှ မသင်္ကာသောကြာင့် ဦးဇင်းနောက်သို့ နောက်ယောင်ခံလိုက်ခဲ့ကြသည်။
တစ်နေရာအရောက်၊ လူသူကင်းသောနေရာအရောက်တွင် ထိုဦးဇင်းအား ခေတ္တရပ်စေပြီး သပိတ်အားစစ်ရေးရာ သပိတ်ထဲမှာ သေနတ်များတွေ့ရှိရကြောင်း....................................................
ယင်းသေနတ်များကို ဆက်လက်စစ်ဆေးရာ သရက်သီးသေနတ်များ ဖြစ်နေကြောင်း တွေ့ရှိရသည်.....................
ဟားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
:P
သူငယ်ချင်းများကို ပျော်စေချင်သောဆန္ဒဖြင့်....................
အဲဒီလိုချည်းဗျ။ အဲဒီမှာ မှတ်ချက်ပေးထားသူတွေကတော့ စေတနာ စကားတွေများပါတယ် ။ ကျွန်တော်လည်း တစ်ကယ်စိတ်မကောင်း ဖြစ်မိပါတယ်ဗျာ။ မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင် တစ်ယောက်ဆို ဒီလိုဟာသ မျိုးတော့ မရေးသင့်ပါဘူးလေ။
အဲဒါနဲ့ပဲ ကျွန်တော်လည်း ဟာသတစ်ပုဒ်ရေးကြည့်ဦးမယ်ဗျာ။ သိတယ်မဟုတ်လား ကျွန်တော်က ပုသိမ်သားဗျ။ အဲလေကြောရှည်နေတာနဲ့ ဟာသကလေး မျှဝေဖို့မေ့နေတယ်။ ဒီလို ဒီလို
သူ့နာမည်က ဗိုလ်ကြီး
ကျွန်တော်တို့ ပုသိမ်မှာ လူတစ်ယောက်ရှိတယ်ဗျ။ ဒီလူက အသက် လေးဆယ်ကျော်လောက်ရှိပြီ ။ သူ့မျက်နှာကအမြဲတမ်း ခပ်တည်တည်ပဲ ၊ ခန္ဓကိုယ်က ထွားထွားကြိုင်း။ အသားအရည်က ညိုစိမ့်စိမ့် ဆံပင်တွေလည်း စစ်သားတစ်ယောက်လို ခပ်တိုတိုပဲ၊ ခြေထောက် တစ်ဖက်ကတော့ သိပ်မသန်ဘူးဗျ၊အ၀တ်အစားကိုလည်း အမြဲတမ်းတော့ သပ်သပ်ရပ်ရပ် ရပ်ရပ်ဝတ်တတ်တယ်။ လူတွေနဲ့လည်း ပေါင်းသင်း ဆက်ဆံရေး က တော်တော်ကောင်းတယ်ဗျ ။ကျွန်တော်တို့သူငယ်ချင်း တစ်သိုက် ကတော့သူ့ပုံစံ ကိုတော်တော်လေးစားမိကြတယ်။သူ့ကို တစ်ကယ့် ပြန်တန်းဝင် အရာရှိကြီး ထင်နေတာကိုး။ သူကလည်း ကျွန်တော်တို့လမ်းထဲက လေသေနတ်လုပ်တဲ့ ဦးကံညွန့် တို့အိမ်ကို မကြာမကြာရောက်တတ်တယ်။ ကျွန်တော်တို့အုပ်စုတွေထဲမှာ သူ့အကြောင်း အတော်ပြောဖြစ်ကြတယ်။
“ဒီလူကြီးက စစ်တပ်က ထွက်လာတာနဲ့ တူတယ်ကွနော်”
“အေးကွ၊ သူ့ပုံစံက တစ်ကယ့် စစ်ဗိုလ်ကြီး ပုံစံကွ နော်”
တစ်နေ့ကျွန်တော်တို့တွေသူ့ကို အရဲစွန့်ပြီး စကားပြောရင်း သူ့အကြောင်းနည်းနည်းစပ်စုကြည့်ကြတာပါ။
““ဦးလေး -- ဦးလေး””
“ဟေ”
“ဦးလေးနံမည် ဘယ်လိုခေါ်လဲဟင်”
“ အေး ငါ့နံမည်ကတော့ ဗိုလ်ကြီး တဲ့ကွ”
“ဗျာ-- ဟုတ်ကဲ့ --ဟုတ်ကဲ့၊ ဦးလေးက ဒီလမ်းထဲကို ခဏခဏရောက်တယ်နော်“
“အေး”
“ဒါနဲ့ ဦးလေးက ဘယ်မှာနေတာလဲဟင်”
“တပ်ထဲမှာကွ”
ကျွန်တော်တို့ သူငယ်ချင်းတစ်အုပ် တော်တော် ရှိန်သွားကြသည်။
“ဦးလေးက ဘာလုပ်တာလဲဟင်”
“ငါက သေနတ်တွေလုပ်တယ်ကွ”
ကျွန်တော်တို့ အုပ်စု တော်တော် အထင်ကြီးမိသွာသည်။ ကျွန်တော်တို့ထင်သလို တပ်ထဲက အရာရှိကြီး ၊ သေနတ်တွေဘာတွေတောင် လုပ်တတ်တဲ့ လူကြီးနဲ့ လာတိုးနေတာကိုး။ ကလေးတို့ ထုံးစံအတိုင်း တော်တော် အထင်ကြီးသွားတယ်။ ပြီးတော့မှသူ့ခြေထောက်ကို သတိထားမိရင်း ကရုဏာလေသံတိုးတိုးဖြင့် ကျွန်တော်က
“ဒါနဲ့ ဦးလေးခြေထောက် က ရှေ့တန်းမှာ စစ်တိုက်ရင်း ရတဲ့ ဒဏ်ရာလားဟင်”
“ဟမ်”
ထိုလူကြီးက တစ်ချက်ကြောင်သွားတယ်။
“ငါက ဘယ်ရှေ့တန်းမှာ စစ်တိုက်ရမှာလဲ၊ ဒီဒဏ်ရာက ငါငယ်ငယ်က ဆရာဝန်က ဆေးထိုးမှားလို့ ဒီလိုဖြစ်သွားတာကွ”
“အန်” ဒီတစ်ခါတော့ ကျွန်တော်တို့ ကြောင်သွားတယ်။
“အော် မသိပါဘူး ဦးရယ် ကျွန်တော်တို့က ဦးလေး ရှေ့တန်းထွက်တုန်း မိုင်းနင်း မိတယ်ထင်နေတာ”
“ဟေ ငါက စစ်သားမှ မဟုတ်တာ ဘာလို့ ရှေ့တန်းမှာ မိုင်းနင်းမိရမှာလဲ”
“ ဦးလေးပဲ ခုနက ပြောတော့ ဗိုလ်ကြီးဆို”
“ အေး ဟုတ်တယ် ငါက အိမ်မှာဗိုလ်ကျ လွန်းလို့ ငါ့ကို ဗိုလ်ကြီးလို့ ရွဲ့ ခေါ်ကြတာကွ”
“ ဟွန် ၊ ဦလေးက တပ်ထဲမှာ နေတာဆို”
“အေးလေ ငါတို့အိမ်က ရွေးဗိုလ်တပ်ထဲမှာ လေ”
“သေနတ်တွေ လုပ်တယ်ဆို”
“အေးလေ သရက်သီး ၊ မရမ်းသီး ၊ သံပုရာသီး ၊ ငါ သနပ် အားလုံးလုပ်တတ်တယ်လေ”
“ဒါဆို ကျွန်တော်တို့လမ်းထဲက လေသေနတ် ဦးကံညွန့်ဆီကို လာနေတာသူ့ကို သေနတ်လုပ်နည်း သင်ပေး နေတာ မဟုတ်ဘူးဘူးပေါ့”။
“ ဟာကွာ ပေါက်ပေါက်ရှာရှာ အဲဒီအိမ်က သရက်သီးသနပ် အော်ဒါ မှာလို့ လာလာ ပို့နေတာကွ”

4 comments:
သနပ်တော့ မလုပ်တော့ဘူး ဗုံးလုပ်တတ်ချင်တယ် ထုဘို့ ဟားးးးးးး
သေနက်လုပ်တဲ့ နည်းလေး သင်ချင်လို့.. လာတက်လို့ရလားဟင်.. :)
ခင်မင်စွာဖြင့်
ဇော်သိင်္ခ
မဆိုးဘူး...
ခုခေတ်...သေနပ်လုပ်တတ်ရင် သူဌေးဖြစ်ပြီ..
ပွပေါက်ကြံမလားလို့...
သရက်သီးသေနပ်ပြောပါတယ်...
း)..း)
ဟား ဟား ဟား...
ကိုကြီးရေ သားလေး လာရီသွားတယ်နော် ....
အဆင်ပြေပါစေဗျာ..
Post a Comment